ခင်ဦးနယ်က ပျူစောထီးရွာကို PDF က ဒရုန်းနဲ့ ဗုံးကြဲ

ခင်ဦးနယ်က ပျူစောထီးရွာကို PDF က ဒရုန်းနဲ့ ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်မြောက်ခြမ်းမှာရှိတဲ့ ပျဉ်ထောင်ရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ သွားရောက်ဗုံးကြဲခဲ့လို့ ထိခိုက်သေဆုံးသူတွေရှိတယ်လို့  မြို့နယ်ပကဖ တပ်ဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၁ ရက် မနေ့က ညနေ ၅ နာရီဝန်းကျင်လောက်မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အဆိုပါ ကျေးရွာကို ဒရုန်းနဲ့ ဗုံးသီး ၁၀ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ပျူစောထီး ၃ ဦးသေဆုံးသွားသလို ၅ ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး လူနေအိမ် ၁ လုံး မီးလောင်ကာ ကျွဲ ၅ ကောင်လည်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒရုန်းအကြီး ၂ စီး၊ အသေး ၃ စီးနဲ့သွားရောက် ဗုံးကြဲခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ခဲ့တာတွေ ရှိတယ်လို့ ဆိုပါတယ်။ 

“ထိခိုက်သေဆုံးမှုတွေကိုလည်း အတွင်းသတင်းအရ ကြားသိရတာပါ။ ဒီနေ့မနက် ထပ်သိရတာက ဒလန်နေအိမ်တလုံးပြိုတယ်။ ဘန်ကာ ၃ ခု ပျက်စီးသွားတယ်” လို့ မြို့နယ် ပကဖ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

တဆက်တည်းမှာပဲ ခင်ဦးမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး၊ စစ်သား၊ ရဲတွေအနေနဲ့လည်း ပြည်သူ့လူထုထံ အလင်းဝင်ရောက်ဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ကြသလို မြို့သိမ်းတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲတွေမှာ ပြည်သူတွေပါဝင်ကြဖို့ကိုလည်း တိုက်တွန်းခဲ့ကြပါသေးတယ်။  

တိုက်ခိုက်မှုကို KSW (KURDAF) ၊ မြို့နယ်ပကဖအဖွဲ့ ၊ Wolf Guerrilla (Local PDF YE . U) ၊ ARF (KURDAF)၊ FireDrargon (KU) အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

နိုဝင်ဘာ ၁၄ ရက်ကလည်း ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၁ ဦးဟာ ခင်ဦးမြို့နယ်ပကဖထံ ဆက်သွယ်လာပြီး MA 1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခုနဲ့ ၅.၅၆ ကျည် ၂၃၆ တောင့်ကိုယူဆောင်ပြီး လာရောက်အလင်းဝင်ခဲ့ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ခင်ဦးမြို့နယ် #ပျဉ်ထောင်ရွာ #ဒရုန်း #ဗုံးကြဲ #ပျူစောထီး #PDF #မြေလတ်သတင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10