သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အတွင်းမှာရှိတဲ့ ချမ်းသာကုန်းရွာနဲ့ အင်းပက်ရွာကို ဇူလိုင် ၁၆ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးထံက သိရပါတယ်။
ခင်ဦးနယ်၊ ရွာသစ်ကုန်းနဲ့ အင်းပက်ရွာမှာရှိတဲ့ ရဲနဲ့ပျူအင်အား ၃၀ ကျော်က၊ မနက် ၈ နာရီခန့်မှာ ချမ်းသာကုန်းရွာကို မဝင်ခင်မှာဘဲ၊ လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး၊ ရွာအတွင်းဝင်ရောက်မွှေနှောက်ခဲ့ရာ ဒဏ်ရာရ၊ ပျက်စီးဆုံးရှုံးတာတွေရှိခဲ့တယ်လို့ Local PDF ရဲဘော် ရန်ငြိမ်းက မြေလတ်အသံကို ပြောပါတယ်။
"ရွာမဝင်ခင် ဘေးကင်းအောင်လို့ လက်နက်ကြီးနဲ့ အရင်ပစ်တယ်။ ရဲနဲ့ပျူတွေ ရွာထဲဝင်လာတယ်။ စာသင်ကျောင်းမှာနေတဲ့ စစ်ရှောင်တွေရဲ့ အိမ်တွေက ဆန်၊ အဝတ်အထည်၊ တခြားစားစရာတွေခိုးသွားကြတယ် " လို့ကိုရန်ငြိမ်းက ပြောပါတယ်။
လက်နက်ကြီးကျည်ထိမှန်လို့ ချမ်းသာကုန်းရွာသား ကိုထွန်းမြင့်ဦး အသက် ၄၄ နှစ်ရှိသူဒဏ်ရာရခဲ့ပြီး၊ ပုဇဥ်းခေါင်းရှေ့ပိုင်းလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ရဲနဲ့ပျူတွေမနက် ၁၁ နာရီ ပြန်ထွက်ချိန်မှာ၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ၂၀ မမ လက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ ရဲဘော်တဦးက ပြောပါတယ်။
ထို့အတူနေ့လယ် ၁ နာရီအချိန်မှာ ရွှေဘိုနယ်ဘက်က စစ်ကြောင်းထွက်လာတဲ့ ခမရ ၇၀၂၊ ၇၀၈ စစ်သားတွေက ခင်ဦးမြို့၊ အင်းပက်နယ်ကွေ့ နေရာမှ မီတာ ၄၀၀ အကွာမှာရှိတဲ့ အင်းပက်ရွာကို၊ ၆၀ မမ လက်နက်ကြီးနဲ့ ၂ ကြိမ်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အခုလို စစ်တပ်ပစ်ခတ်တာကြောင့် အသက် ၅၁ နှစ်အရွယ် ဦးသန်းစိုးသေဆုံးပြီး၊ အသက် ၄၀ အရွယ်အမျိုးသား ၁ ဦးမှာ လက်သန်းပြတ်၊ တင်ပဆုံ၊ ပေါင်နဲ့ခြေသလုံးမှာ ဒဏ်ရာရခဲ့ပြီး၊ နွားထီး ၁ ကောင်၊ နွားမ ၂ ကောင်လည်း ဒဏ်ရာရသေဆုံးခဲ့တယ်လို့ ဒေသခံ တဦးကပြောပါတယ်။
စစ်ကြောင်းရန်ကြောင့် အင်းပက် ရွာသူရွာသားတွေလည်း ဆွေမျိုးတော်စပ်သူနဲ့ နီးစပ်ရာရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
ဇူလိုင် ၁၂ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခင်ဦးနယ်၊ ဝါးရုံကုန်းကျေးရွာကို မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ သိရပါတယ်။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ရွှေဘို #ခင်ဦး #စစ်ကောင်စီစစ်ကြောင်း #မီးရှို့ဖျက်ဆီး #ဒေသခံ #သေဆုံးမှု
Share Share Share