ခင်ဦးမှာ ကောက်စိုက်တောင်သူတွေက ရှစ်လေးလုံးနေ့အထိမ်းအမှတ်ဆန္ဒပြ

ခင်ဦးမှာ ကောက်စိုက်တောင်သူတွေက ရှစ်လေးလုံးနေ့အထိမ်းအမှတ်ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းမှာ ကောက်စိုက်၊ ပျိုးနှုတ်လုပ်ကိုင်နေကြတဲ့ တောင်သူတွေက ရှစ်လေးလုံးအရေးတော်ပုံ ၃၅ နှစ်ပြည့်တဲ့နေ့မှာ စုပေါင်းဆန္ဒပြခဲ့ကြတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ဆီက သိရပါတယ်။

ဆန္ဒပြသူတွေဟာ ဒီကနေ့ သြဂုတ် ၈ ရက်၊ မနက် ၈ နာရီခန့်က လယ်ယာလုပ်ငန်းခွင် မှာ "NUG အစိုးရ - ဒို့အစိုးရ" "ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး - ဒို့အရေး""၈၈ ကအချိုးတွေ ငါတို့ခေတ်မှာလာမချိုးနဲ့ မကြောက်ဘူးဟေ့""အညာဖက်ဒရယ် အောင်ရမည်" အစရှိတဲ့ ကြွေးကြော်သံတွေနဲ့ လက်သုံးချောင်းထောင်ကာ ဆန္ဒပြခဲ့တာလို့ ဆိုပါတယ်။

ထို့အတူ "အနာဂါတ်ဖက်ဒရယ်သစ်ဆီချီတက်ကြမည်""အရေးတော်ပုံအောင်ရမည်" စတဲ့ စာတန်းတွေနဲ့ ကျောင်သားသမဂ္ဂအလံတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြရာ မနက် ၉ နာရီအချိန်မှာ ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

#စစ်ကိုင်း #ခင်ဦး #ရှစ်လေးလုံး #အရေးတော်ပုံ #ဆန္ဒပြ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10