ခန္ဓာကိုယ်အောက်ပိုင်း မလှုပ်ရှားနိုင်တဲ့ PDF ရဲဘော်အတွက် ဆေးကုသစရိတ် အကူအညီလိုအပ်နေ

ခန္ဓာကိုယ်အောက်ပိုင်း မလှုပ်ရှားနိုင်တဲ့ PDF ရဲဘော်အတွက် ဆေးကုသစရိတ် အကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်စခန်းသိမ်းတိုက်ပွဲတခုမှာ အသက် ၂၈ အရွယ် ရဲဘော်ဖိုးသားဆိုသူ ဒဏ်ရာရရှိခဲ့ပြီး နာတာရှည်ဝေဒနာခံစားနေရကာ ဆေးကုသစရိတ်လိုအပ်နေတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁ ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်က ကနီမြို့နယ် မုံရွာ-ယာကြီး -ကလေးဝ ကားလမ်းမပေါ်က တာဝါတိုင်ကုန်း စခန်းသိမ်းတိုက်ပွဲမှာ ရဲဘော်ရဲ့ ဘယ်ဘက်ပခုံးကို လက်နက်ငယ်ကျည်ဆန်ထိမှန်ပြီး ခန္ဓာကိုယ်လှုပ်ရှားလိုမရတော့ဘဲ ဆေးဝါးကုသနေရတယ်လို့ ဆိုပါတယ်။

"စကားပြောနိုင်တယ်။ ထမင်းလည်း စားနိုင်တယ်။ လမ်းမလျှောက်နိုင်သေးပါဘူး။ ခန္ဓာကိုယ်အောက်ပိုင်းတခုလုံး ကိုင်တွယ်တာ နာကျင်တာလည်း မသိသေးပါဘူး" လို့ သတင်းတာဝန်ခံရဲဘော်ဗလက ပြောပါတယ်။

တိုက်ပွဲမှာ ဒဏ်ရာရတာ ၈ လကျော်ကြာခဲ့ပြီး ဖြစ်ကာစမှာ ဦးခေါင်းနဲ့ လက်များပါ လှုပ်ရှားမှုမရှိဘဲ ဆေးကုသရာက အခုလိုခန္ဓာကိုယ်အပေါ်ပိုင်း ပြန်လည်လှုပ်ရှားလာနိုင်တာလို့ သူက ဆက်ပြောပါတယ်။

ကျည်ဆန်က ဘယ်ဘက်ပခုံးအကြောကို ထိမှန်ခဲ့ပြီး အကြောလှုပ်ရှားမှုပိုင်းမှာ ချို့ယွင်းသွားသလို ဆေးဝါးကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ကုသနေပေမယ့် ဆေးဝါးပစ္စည်းမစုံလင်တာဖြစ်လို့ ကောင်းမွန်တဲ့အနေအထားကို မရောက်သေးဘဲ ဝေဒနာခံစားနေရတယ်လို့ ဆိုပါတယ်။

အဲ့ဒီရဲဘော်ကို လုံခြုံစိတ်ချရတဲ့နေရာမှာ ဆက်လက်ကုသဖို့ လမ်းခရီးစရိတ်၊ နေထိုင်စားသောက်စရိတ်နဲ့ ဆေးဝါးကုသစရိတ်အပါအဝင် စုစုပေါင်း ကျပ်သိန်း ၃၀၀ ခန့် ကုန်ကျနိုင်တယ်လို့ ရဲဘော်ဗလက ပြောပါတယ်။

ဆေးဝါးကုသဖို့ ထောက်ပံ့ကူညီပေးမယ့် ပြည်သူတွေအနေနဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁ Page Messenger မှတဆင့် ဆက်သွယ်ကူညီနိုင်ပါတယ်။

တာဝါတိုင်ကုန်း စခန်းသိမ်းတိုက်ပွဲမှာ ယင်းမာပင်ခရိုင် တပ်ရင်း ၁ အနေနဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ယင်းမာပင် #ကနီ #စခန်းသိန်းတိုက်ပွဲ #ရဲဘော် #ဒဏ်ရာရ #ဆေးကုသစားရိတ် #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10