ခလရ ၂၅၆ တပ်ထဲကို ဒရုန်းဗုံးချပစ်ခတ်လို့ စစ်သား ၁ ဦးသေပြီး ၄ ဦးဒဏ်ရာရ

ခလရ ၂၅၆ တပ်ထဲကို ဒရုန်းဗုံးချပစ်ခတ်လို့ စစ်သား ၁ ဦးသေပြီး ၄ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုအခြေစိုက် ခလရ ၂၅၆ တပ်ထဲကို ဇူလိုင် ၄ ရက်က ဒရုန်းဗုံးသီးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ Underground Revolution Force - YSO တပ်ဖွဲ့ဆီက သိရပါတယ်။

ဒရုန်း ၇ စင်းနဲ့ဗုံးသီး ၈ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၁ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရခဲ့ကာ စစ်ကောင်စီတပ်သားတွေဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ကာကွယ်ရေးတပ်သားတွေရဲ့ ဒရုန်းတစင်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ 

“ကျနော်တို့ သွားရောက်ပစ်ခတ်ချိန်မှာ သူတို့ဘက်ကပြန်ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပြန်ပစ်ခဲ့တယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာတွေမရှိခဲ့ဘူး။ **တွေပစ်ချလိုက်လို့ ဒရုန်းတစီးတော့ ဆုံးရှုံးသွားတယ်။” လို့ Underground Revolution Force - YSO ရဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော် KC ကပြောပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေတွေကို တပ်တွင်းသတင်းပေးတဦးရဲ့ ပြောဆိုချက်အရ အတည်ပြုနိုင်ခဲ့တာလို့ ရဲဘော် KC က ပြောပါတယ်။ 

Urban Underground Revolution Force - YSO အနေနဲ့ ခလရ ၂၅၆ ကို သွားရောက်ပစ်ခတ်တာဟာ ဒီတကြိမ်က ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို Urban Underground Revolution Force - YSO၊ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း 27 Revolution Force၊ ပခုက္ကူခရိုင်တပ်ပေါင်းစု၊ ပခုက္ကူခရိုင်တပ်ရင်း ၂ တပ်ခွဲ ၃ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ 

ဇွန် ၂ ရက်ကလည်း Urban Underground Revolution Force - YSO တပ်ဖွဲ့ဟာ ဇီးကုန်းကျေးရွာဘုန်ကြီးကျောင်းမှာ ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းဗုံးသီး ၃ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ဒရုန်းစစ်ဆင်ရေးပြုလုပ်ရန် ပြင်ဆင်နေသည့် Urban Underground Revolution Force - YSO တပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)

ဓါတ်ပုံ - Urban Underground Revolution Force - YSO။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေစကြို #ခလရ၂၅၆ #ဒရုန်းဗုံးကြဲ #တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10