ချက်ပြုတ်ရေနဲ့သောက်ရေအတွက် PDF တွေ ကိုယ်တိုင်တူးထားတဲ့ လက်လုပ်ရေတွင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နဲ့ မြိုင်မြို့နယ်ကြားမှာ အခြေစိုက်တဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၂၊ တပ်ခွဲ ၃ Triple Revolution အဖွဲ့က ရဲဘော်တွေဟာ ချက်ပြုတ်ရေနဲ့ သောက်ရေအတွက် စခန်းနဲ့မိုင်ဝက်ခန့်ဝေးတဲ့နေရာမှာ ကိုယ်တိုင်တူးထားတဲ့ လက်လုပ်ရေတွင်း (ဒေသအခေါ် လက်ထောင်းတွင်း)ကို တူးကြပြီး ရေအသုံးပြုနေကြတာ ဖြစ်ပါတယ်။

အဲဒီရေတွင်းဟာ ပေ ၃၀ နဲ့  ၄၀ ကြားမှာရှိပြီး ငှားရမ်းတူးဖော်မယ်ဆိုရင်ကျပ် ၁၀ သိန်းလောက်ကုန်ကျမှာဖြစ်လို့ ရဲဘော်တွေကိုယ်တိုင် တူးဖော်ကြတာဖြစ်ပြီး ရေပိုက်ဖိုးပဲ ကုန်ကျတယ်လို့ သိရပါတယ်။

တပ်ဖွဲ့ ရေရဖို့အတွက် ရဲဘော်တွေဟာ နေ့စဉ် အလှည့်ကျ ဆိုင်ကယ်နဲ့သွားပြီး ရေကို သယ်ကြရတာ ဖြစ်ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ရေစကြို #Triple_Revolution_PDF #သောက်သုံးရေ #လက်လုပ်ရေတွင်း #ရေရှားပါးမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10