သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အနောက်ခြမ်း၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ မကျီးဘုတ်ရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့လို့ အမျိုးသမီး ၁ ဦးသေဆုံးကာ ၃ နှစ်ကျော် ကလေး ၁ ဦးအပါအဝင် ၁၄ ဦး ဒဏ်ရာရခဲ့ပါတယ်။
နိုဝင်ဘာ ၁၂ ရက် နေ့လယ် ၃ နာရီဝန်းကျင်လောက်မှာ မိတ္တီလာလေတပ်က ဂျက်ဖိုက်တာနဲ့ မကျီးဘုတ်ရွာအရှေ့ဘက်အစွန်မှာရှိတဲ့ ကြက်ခြံတဝိုက်ကို ၁၀ မိနစ်နီးပါး ရော့ကတ် ၆ လုံးနဲ့ ပစ်တဲ့အပြင် ပေါင် ၂၀၀ ဗုံးသီး ၂ လုံးပါကြဲချသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
နောက်ထပ် နာရီဝက်အကြာမှာ နောက် ၁ စီးထပ်ရောက်လာပြီး ရော့ကပ် ၂ လုံးနဲ့ ပေါင် ၂၀၀ ဗုံးသီး ၂ လုံးထပ်ကြဲသွားတယ်လို့ ဆိုပါတယ်။
အဲ့ဒီလို လာပစ်ချိန် ကြက်ခြံထဲဝင်ပြေးကြတဲ့ ခြံပိုင်ရှင်နဲ့ အလုပ်သမား ၁၅ ဦးဗုံးစထိမှန်ဒဏ်ရာတွေရခဲ့ကြပြီး အဲ့ထဲက အမျိုးသမီး ၁ ဦးကတော့ ဦးခေါင်းထိပြီး ဒီနေ့နေ့လယ်ပိုင်းလောက်မှာ ဆုံးသွားခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁၂ ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၁ လုံး၊ ကြက်ခြံ ၂ ခြံ မီးလောင်ပျက်စီးသွားသလို ကြက်အကောင်ရေ ၂,၅၀၀၊ ဝက်ပေါက်အကောင် ၅၀နဲ့ ဝက်ကြီး ၂ ကောင်လည်း သေဆုံးသွားခဲ့ပါတယ်။
နိုဝင်ဘာ ၁၃ ရက် ဒီနေ့မနက် ၈ နာရီနဲ့ ၁၁ နာရီလောက်မှာလည်း မကျီးဘုတ်ရွာဘက်ကို လေယာဥ်တွေ ပျံဝဲနေတဲ့အတွက် လေယာဥ်နဲ့ ဗုံးသီးချတိုက်ခိုက်ခံခဲ့ရတဲ့ နေရာနားတဝိုက်က ပြည်သူတွေ ရွှေ့ပြောင်းနေကြရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းကလည်း မကျီးဘုတ်ကျေးရွာကို ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်ခံခဲ့ရဖူးပေမယ့် ထိခိုက်ဒဏ်ရာရတာ သေဆုံးတာတွေမရှိခဲ့ဘဲ ဒီတခေါက်မှာတော့ လူသေဆုံးပြီး ထိခိုက်ဒဏ်ရာရခဲ့သလို အိမ်မွေးတိရစ္ဆာန်တွေလည်း သေကြေဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
စာတည်း - ဈာန်မြင့်၊တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#မကျီးဘုတ်ရွာ #စစ်ကောင်စီ #လေကြောင်းဗုံးကြဲ
Share Share Share