ချောင်းဦးမှာ စစ်ဘေးရှောင်တွေကို စားသုံးသီးနှံ‌တွေ ထောက်ပံ့ပေး

ချောင်းဦးမှာ စစ်ဘေးရှောင်တွေကို စားသုံးသီးနှံ‌တွေ ထောက်ပံ့ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်ထဲက စစ်ဘေးရှောင်တွေကို စားသုံးသီးနှံတွေထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီမြို့နယ်တွေထဲက ကျေးရွာတချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးပစ်ခတ် ဝင်ရောက်ပြီး နေအိမ်တွေက ပစ္စည်းတွေ မွှေနှောက်ယူဆောင်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့လို့ အခုလို တိမ်းရှောင်နေရတာလို့ ဆိုပါတယ်။



"စစ်ရှောင် ၁၀၀၀ ကျော်ကနေ ၂၀၀၀ နီးပါးရှိတယ်။ ရွာမီးရှို့ခံရလို့ ထွက်ပြေးလာတဲ့ ရွာခုနှစ်ရွာက ပြည်သူတွေပါ။ အရေးပေါ်ပြေးလာရတော့ စားဖို့မရှိကြဘူး။ သူတို့ပြောတာက ကုန်စိမ်းသီးနှံတွေများများ ပို့ဖို့ပြောလို့ ကျနော်တို့အဖွဲ့ နှစ်ဖွဲ့ပေါင်းပြီး၊ ကူညီထောက်ပံပေးခဲ့တာ"
လို့ မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီဝင် တဦးက ပြောပါတယ်။

ချောင်းဦးမြို့နယ်ထဲက တောင်ဖီလာ၊ ရှမ်းထူး၊ ထူးနီ၊ အင်းမ၊ ညောင်ပင်လှရွာနေ ပြည်သူများဖြစ်ပြီး၊ စစ်ဘေးရှောင် ၁၀၀၀ ကျော်ရှိရာက ထပ်တိုးလာကြတယ်လို့ ကူညီသူတဦးက ဆိုပါတယ်။

ထောက်ပံ့မှုကို ဧပြီလ ၂ ရက်နေ့က မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီနဲ့ (We Are People) စစ်ရှောင်ကူညီထောက်ပံ့ရေး အဖွဲ့သားများက ပူပေါင်းထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။

 စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10