ချောင်းဦးမှာ အရေးပေါ်စစ်ရှောင်လာတဲ့ ပြည်သူတွေကို စားသောက်ကုန်များ သွားရောက်လှူဒါန်း

ချောင်းဦးမှာ အရေးပေါ်စစ်ရှောင်လာတဲ့ ပြည်သူတွေကို စားသောက်ကုန်များ သွားရောက်လှူဒါန်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း အရေးပေါ်စစ်ရှောင်လာတဲ့ ပြည်သူတွကို We are People တပ်ဖွဲ့က မေလ ၁၀ ရက်မှာ စားသောက်ကုန်တွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်။

ချောင်းဦးမြို့နယ်ထဲကို စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံပြည်သူများစွာဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ချက်ချင်းထွက်ပြေးတိမ်းရှောင်လာတာကြောင့် ဒေသခံပြည်သူတွေအတွက် စားသောက်ဖို့အခက်အခဲတွေနဲ့ ကြုံတွေ့နေရလို့ သွားရောက်လှူဒါန်းရခြင်းဖြစ်တယ်လို့ We are People တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။


“အဓိကကတော့ ဆန် ၊ ဆီ၊ ဟင်းချက်စရာတွေကို လှူဒါန်းဖြစ်တယ်။ အိမ်ထောင်စုစာရင်းနဲ့ လူဦးရေကိုတော့ အတိအကျမသိရဘူးဗျ။ ရှောင်လာရတဲ့ပြည်သူတွေကတော့များတယ်။ သူတို့ကလည်း ချက်ချင်းထွက်ပြေးလာကြတော့လေ လူဦးရေကိုတော့ တိတိကျကျမသိလိုက်ဘူး။ ကျနော်တို့သွားရောက်လှူဒါန်းရတာကလည်း စစ်ရှောင်တွေနဲ့ မီးဘေးသင့်တွေ နေထိုင်စားသောက်ရေး အဆင်ပြေဖို့အတွက် ရည်ရွယ်ချက်နဲ့ သွားရောက်လှူဒါန်းခဲ့တာပါ” လို့ သူက ဆိုပါတယ်။

မိမိတို့တပ်ဖွဲ့အနေနဲ့ သွားရောက်လှူဒါန်းစဉ်မှာလည်း သွားရေးလာရေး ဆိုင်ကယ်အခက်အခဲနဲ့ လမ်းကြောင်း အခက်အခဲတွေကြောင့် စားသောက်ကုန်တွေ ထိခိုက်မှုမရှိအောင် သယ်ဆောင်သွားရတယ်လို့လည်း ဆိုပါတယ်။ We are People တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း ချောင်းဦးမြို့နယ်ထဲက စစ်ရှောင်ပြည်သူ ၃ ထောင်ကျော်ကို ကုန်စိမ်းများသွားရောက်လှူဒါန်းခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်က ရပ်ကွက် ၃ ခုနဲ့ ကျေးရွာ ၁ ရွာကို စစ်ကောင်စီတပ်သားတွေက မေလ ၁၁ ရက် ည ၇ နာရီကျော်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်ခတ်ပြီး ဝင်ရောက်မီးရှို့ခဲ့ရာ လူနေအိမ် ၃၀၀ ကျော်ပျက်စီးပြီး အမျိုးသားတဦး လက်နက်ထိမှန်သေဆုံးခဲ့ပါတယ်။

ပုံစာ - မေလ ၁၁ ရက်မှာ ချောင်းဦးမြို့နယ်၊ ငါးယှန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။

စာတည်း-လင်းဇေ
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10