သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ စစ်ရှောင်စာသင်ကျောင်းတချို့မှာ သင်ထောက်ကူပစ္စည်းနဲ့ ရာသီဥတု အေးလာတာကြောင့် အနွေးထည်တွေ လိုအပ်နေတယ်လို့ Save For Yaw အဖွဲ့ဆီက သိရပါတယ်။
Save For Yaw နဲ့ ANTS - ပုရွက်ဆိတ်များအဖွဲ့တို့ ပူးပေါင်းပြုလုပ်ထားတဲ့ ယောစစ်ရှောင်ပညာရေးကမ်ပိန်းကရရှိတဲ့ အလှူငွေတွေနဲ့ စာရေးကိရိယာတချို့ကို နိုဝင်ဘာ ၉ ရက်က စစ်ရှောင်အလယ်တန်းကျောင်းတခုမှာ သွားရောက်လှူဒါန်းပေးခဲ့ပြီးနောက် စစ်ရှောင်ကျောင်းတွေရဲ့ လိုအပ်ချက်တချို့ကို အခုလို ပြောပါတယ်။
"အဓိကလိုအပ်နေတာ စာအုပ်၊ ခဲတံ၊ ဘောပင် သင်ထောက်ကူပစ္စည်းတွေပါ။ ဆောင်းတွင်းရောက်တော့မှာမို့ အနွေးထည်နဲ့ စောင်တွေလည်း လိုအပ်နေပါတယ် " လို့ Save For Yaw ဦးဆောင်သူက ပြောပါတယ်။
Save For Yaw အဖွဲ့အနေနဲ့ အဆိုပါကျောင်းမှ ကျောင်းသားဦးရေ ၇၀ အတွက် ဗလာစာအုပ် ၃၅ ဒါဇင်၊ ခဲတံနဲ့ ဘောပင်အချောင်း ၇၀ တို့ကိုသာ ထောက်ပံပေးခဲ့တာဖြစ်ပြီး နောက်ထပ်လိုအပ်ချက်တွေရှိနေတယ်လို့ ဆိုပါတယ်။
ယောနယ်မှာဒေသခံအများစုက စစ်ဘေးရှောင်နေရတာကြောင့် ကျောင်းသားတွေအားလုံးနီးပါးမှာ စစ်ဘေးဒုက္ခများအကြားပညာသင်ကြာနေရကာ အမှန်တကယ်လိုအပ်နေမှုကြောင့် ထောက်ပံ့လှူဒါန်းခဲ့တာလို့ သူကဆက်ပြောပါတယ်။
ယခုလက်ရှိဖွင့်နေတဲ့ကျောင်းတွေမှာလည်းဆရာအင်အားလိုအပ်မှုတွေနဲ့ အခြားလိုအပ်မှုတွေရှိပြီး Formal EDU (နည်းလမ်းတကျဖြစ်သောပညာရေး)ကဲ့သို့ မလည်ပတ်နိုင်ပေမဲ့ စဥ်ဆက်မပြတ်ပညာရေးအဖြစ်သာ လည်ပတ်နိုင်တဲ့အနေထားရှိတယ်လို့ ဆိုပါတယ်။
အဲ့ဒီစစ်ရှောင်စာသင်ကျောင်းဟာ တောထဲမှာစစ်ရှောင်ရင်း အခက်ခဲပေါင်းစုံရှိတဲ့ကြားက ကြိုးစားဖွင့်နေရတာကြောင့် စားစရာ ဆန်၊ ဆီနဲ့ အနွေးထည်တွေလည်း လိုအပ်နေလို့ ကူညီလှူဒါန်းပေးကြဖို့ တိုက်တွန်းပြောဆိုထားပါတယ်။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
#မကွေး #ဂန့်ဂေါ #စစ်ဘေးရှောင် #ပညာရေးကျောင်း #လိုအပ်ချက် #သင်ထောက်ကူပစ္စည်း #အနွေးထည် #သတင်း #မြေလတ်သတင်း
Share Share Share