ဂန့်ဂေါက နယ်မြေရဲကင်းကို သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး အရှင်ဖမ်းမိထားကြောင်း ABSDF ပြော

ဂန့်ဂေါက နယ်မြေရဲကင်းကို သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး အရှင်ဖမ်းမိထားကြောင်း ABSDF ပြော

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာရှိတဲ့ မင်းရွာရဲကင်းစခန်းကို နိုဝင်ဘာလ ၃ ရက်  ဒီနေ့မနက်ပိုင်းက ဒေသကာကွယ်ရေးအဖွဲ့တွေဘက်က တိုက်ခိုက်ပြီး သိမ်းပိုက်ရရှိခဲ့တယ်လို့ ABSDF Column - 3 တာဝန်ရှိသူဆီက သိရပါတယ်။ 

အဲဒီရဲကင်းစခန်းကို ADSBFနဲ့ ဒေသခံကာကွယ်ရေး တပ်ရင်း၊တပ်ဖွဲ့တွေက ဒီမနက် ၆ နာရီလောက်မှာ  တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၉ နာရီခွဲလောက်မှာ စခန်းကို မီးရှို့ဖျက်စီးနိုင်ခဲ့တဲ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကို အရှင်ဖမ်းမိထားတယ်လို့ ဆိုပါတယ်။

 "ရဲတပွင့်ဗိုလ် အေးမင်းစိုးကသေတယ်။ အရှင်ဖမ်းမိတဲ့ ၁၀ ဦးက စိစစ်နေတုန်း " လို့ ABSDF Column - 3 မှ သတင်းပြန်ကြားရေးတာဝန်ခံကိုပြည့်ဖြိုးကျော်က ပြောပါတယ်။

လက်ရှိအချိန်ထိ အဆိုပါ မင်းရွာရဲကင်းစခန်းအဆောက်အဦတွေ မီးလောင်နေဆဲဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

အလားတူ ဒီနေ့မနက်မှာလည်း ကောလင်းမြို့မရဲစခန်းကိုလည်း ဒေသခံပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့သလို နိုဝင်ဘာလ ၂ ရက် မနေ့ကလည်း ကန့်ဘလူမြို့နယ်က ချပ်သင်းနယ်မြေရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သိမ်းပိုက်ခဲ့ပါသေးတယ်။

စာတည်း - ရင်ငြိမ်း

မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #ရဲကင်းစခန်း #တိုက်ခိုက်သိမ်းပိုက် #ABSDF #PDF #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10