ဂန့်ဂေါခရိုင်တပ်ရင်း ၃ ထံ တပ်ကြပ် ၁ ဦးနဲ့ တပ်သား ၁ ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်

ဂန့်ဂေါခရိုင်တပ်ရင်း ၃ ထံ တပ်ကြပ် ၁ ဦးနဲ့ တပ်သား ၁ ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ အမှတ် ၁ စစ်ဒေသ၊ အမှတ် ၃ တပ်ရင်းဆီကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ မတ် ၁၈ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်အမှတ် ၃ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ 

ဆောမြို့နယ်၊ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၂၅ မှ အသက် ၃၀ အရွယ်ရှိ တပ်ကြပ် ၁ ဦးက မတ် ၁၅ ရက်မှာ MA 3 သေနတ် ၁ လက်၊ ကျည်ဘောက်အပို ၂ ခု၊ ကျည်ကာအင်္ကျီ ၁ ထည်တို့နဲ့အတူ အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။

" စစ်ကောင်စီရဲ့လုပ်ရပ်တွေကို မကြိုက်တော့လို့ အလင်းဝင်လာတာပါ။ ဆုငွေပေးဖို့အတွက် စီစဥ်နေပါတယ် " လို့ ဂန့်ဂေါခရိုင် အမှတ် ၃ တပ်ရင်း သတင်းတာဝန်ခံမင်းသူ ကပြောပါတယ်။

အလားတူ ဆောမြို့နယ် မြို့မရဲစခန်းမှ စစ်ကောင်စီတပ်သား ၁ ဦးကလည်း ဖေဖော်ဝါရီ  ၂ ရက်မှာ စက်ကလေး ခေါ်  MA 2 သေနတ် ၁ လက်၊ ကျည်ဆန်တွေနဲ့အတူ ကျည်ကာအင်္ကျီ ၁ ထည်၊ စကားပြောစက် ၁ လုံးတို့နဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်ကို စွန့်ခွာကာ ပြည်သူ့ရင်ခွင်ခိုလှုံပြီး အလင်းဝင်ရောက်လာသူတွေ ယူဆောင်ခဲ့တဲ့ လက်နက်အမျိုးအစားပေါ်မူတည်ပြီး ထိုက်ထိုက်တန်တန် ဆုချီးမြှင့်သွားမယ်လို့ ဆိုပါတယ်။

ဂန့်ဂေါခရိုင်၊ အမှတ် ၃ တပ်ရင်းထံ အလင်းဝင်တဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်းဦးရေ ၁၅ ဦးအထိရှိလာပြီး လက်ရှိမှာ သူတို့ကို ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

ပုံစာ - ဂန့်ဂေါခရိုင်အမှတ် ၃ တပ်ရင်းထံ အလင်းဝင်လာသူ စစ်သား ၂ ဦးကိုတွေ့ရစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ဂန့်ဂေါခရိုင် #အမှတ်၁စစ်ဒေသ #စစ်သား #အလင်းဝင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10