ဂန့်ဂေါတိုက်ပွဲမှာကျဆုံးခဲ့တဲ့ ရဲဘော် ၂ ဦးအတွက် YDF က ရက်လည်ဆွမ်းသွတ်ပြုလုပ်

ဂန့်ဂေါတိုက်ပွဲမှာကျဆုံးခဲ့တဲ့ ရဲဘော် ၂ ဦးအတွက် YDF က ရက်လည်ဆွမ်းသွတ်ပြုလုပ်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ယောကာကွယ်ရေး တပ် - YDF တပ်ဖွဲ့ဝင်တို့ တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၂ ဦးအတွက် ရက်လည်ဆွမ်းသွတ်ကို စက်တင်ဘာလ ၂၇ ရက် ဒီမနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။ 

ယောဒါးတောင်တန်းပေါ်ရှိ ချောင်ဆုံချောင်းအနီးမှာ ခလရ ၅၀ က အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းနဲ့ YDF တို့ စက်တင်ဘာ ၁၅ ရက်က ထိတွေ့တိုက်ခိုက်ရာမှာ ရဲဘော် ကိုမျိုး ၃၅ နှစ်နဲ့ ရဲဘော် စည်သူဝင်း ၁၉ နှစ်တို့ ကျဆုံးခဲ့တာပါ။ 

"စစ်တပ်နဲ့ထိပ်တိုက်တွေ့လို့ အနီးကပ်တိုက်ပွဲဖြစ်ခဲ့တယ်။ ကျနော်တို့ ရဲဘော် ၂ ဦးကျဆုံးခဲ့တယ်။ ရှေ့တန်းမှာပဲ သင်္ဂြိုဟ်ခဲ့ရတယ်" လို့ ယောကာကွယ်ရေးတပ် - YDFရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဦးက ပြောပါတယ်။

တိုက်ပွဲအတွင်းက အခြေအနေတွေကို ရှေ့တန်းပြရဲဘော်တွေပြန်ရောက်မှ သိရတဲ့အတွက် ကျဆုံးချိန်မှာ ဆွမ်းသွတ်တရားနာ ချက်ချင်းမလုပ်နိုင်ခဲ့ဘဲ ဒီကနေ့မှ ပြုလုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။  

ဒါ့အပြင် ကျန်ရစ်မိသားစုဝင်တွေကိုလည်း တပ်ရင်းအနေနဲ့ ထောက်ပံ့ကူညီမှုတွေ ပေးသွားမယ်လို့ သိရပါတယ်။ 

ပုံစာ - ကျဆုံးရဲဘော်များဖြစ်သည့် ကိုစည်သူဝင်းနှင့် ကိုမျိုးဝေ။

စာတည်း - လင်း 

#မြေလတ်အသံ 

#မကွေး #ဂန့်ဂေါ #ချောင်းဦး #ယောကာကွယ်ရေးတပ် #ကျဆုံးရဲဘော် #ရက်လည်ဆွမ်းသွတ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10