ဂန့်ဂေါနယ်ကစစ်ရှောင်စခန်းတခုမှာ သောက်သုံးရေခက်ခဲနေ

ဂန့်ဂေါနယ်ကစစ်ရှောင်စခန်းတခုမှာ သောက်သုံးရေခက်ခဲနေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းတခုက စစ်ရှောင်ပြည်သူတွေအတွက် သောက်သုံးရေရရှိဖို့ ခက်ခဲနေတယ်လို့ Save For Yaw အဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီစစ်ရှောင်စခန်းမှာ စစ်ရှောင်ပြည်သူဦးရေ ၂၀၀ ကျော်ရှိပြီး ပုံမှန်ဆိုရင် စခန်းနဲ့ ၁ မိုင်ကျော်ရှိ ချောင်းတခုကနေ သောက်သုံးရေခပ်ကာ သုံးစွဲနေရကာ အဲ့ဒီချောင်းဟာ မေလအစောပိုင်းကစတင်ပြီး ခမ်းခြောက်လာတာကြောင့် ခုလိုခက်ခဲနေကြတာလို့ ဆိုပါတယ်။ 

"ရေတွေက ခမ်းကုန်တော့ ရေရှားလာတယ်ဗျ။ အဝေးကနေ ရေသယ်ရတာ မလွယ်ပါဘူး။ သုံးရေနဲ့ သောက်ရေအတွက်ပါ ခက်ခဲလာတာပေါ့" လို့ Save For Yaw ရဲ့တာဝန်ခံ ကိုယောကပြောပါတယ်။

လက်ရှိမှာ ရေကိုချွေတာသုံးစွဲနေရပြီး သုံးရေထက်သောက်ရေကို ပိုမိုချွေတာနေရကာ နောက်ထပ် ရေရရှိနိုင်မယ့်နေရာကနေ ယူဖြည့်ဖို့ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။ 

ဒီလိုဖြည့်ဖို့ ရေစုပ်ပန့်၊ ဘက်ထရီ၊ ရေသွယ်ပိုက်၊ ရေကန်အတွက် မိုးကာတာပေါ်လင် စတဲ့ပစ္စည်းတွေ လိုအပ်နေပြီး ဒီပစ္စည်းတွေကိုဝယ်ယူဖို့ ငွေကျပ် ၁၀ သိန်းခန့်ကုန်ကျနိုင်တယ်လို့ ကိုယောက ပြောပါတယ်။  

အဲ့ဒီစစ်ရှောင်စခန်းဟာ စစ်ရှောင်တွေဟာ ၂၀၂၂ နိုဝင်ဘာလကတည်းက ရွာကတိမ်းရှောင်နေခဲ့ကြတာဖြစ်ပြီး အလှူရှင်နည်းပါးတဲ့စခန်းဖြစ်တာကြောင့် စားနပ်ရိက္ခာအကူညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။ 

ပုံစာ - စစ်ရှောင်ပြည်သူများ သောက်သုံးရေသယ်ယူနေကြစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #စစ်ရှောင်ပြည်သူ #ရေရှားပါး #အကူအညီလိုအပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10