ဂန့်ဂေါနယ်က စစ်ရှောင်နဲ့ PDF ရဲဘော်တွေအတွက် ဆေးဝါးရရှိဖို့ခက်ခဲနေ (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက် ပေးရာမှာ ဆေးဝါးပစ္စည်းတွေရရှိဖို့ခက်ခဲနေတယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -YPDF ဆီက သိရပါတယ်။

ဆေးဝါးအလွယ်တကူဝယ်မရတာ၊ စျေးနှုန်းမြင့်တက်တာ၊ မိုးတွင်းကာလ ခရီးလမ်းမကောင်းတာနဲ့ စစ်တပ်ဂိတ်တွေမှာ စစ်ဆေးတဲ့အခါ ခရီးချိန်ကြန့်ကြာပြီး လိုအပ်တဲ့အချိန်မှာ မရတဲ့အတွက် ဆေးဝါးအခက်အခဲဖြစ်နေတာလို့ ဆိုပါတယ်။

လက်ရှိ မိုးတွင်းကာလမှာ စစ်ရှောင်ကလေးရော လူကြီးတွေမှာပါ ရာသီတုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျောရောဂါ အဖြစ်များပြီး နှာစေးချောင်းဆိုး၊ ခေါင်းမူးခေါင်းကိုက်၊ ဖျားနာ၊ ဝမ်းပျက်ဝမ်းလျောရောဂါတွေကို ကုသပေးနေရတယ်လို့ ဆေးတပ်သားတဦးက ဆိုပါတယ်။

YPDF မှ ဆေးတပ်ဖွဲ့ဝင် ၇ ဦးဟာ တလတကြိမ် ကျန်းမာရေးစောင့်ရှောက်ပေးနေတာအပြင် ပြည်သူတွေအကူအညီတောင်းခံလာတဲ့အခါမှာလည်း ကျေးရွာနဲ့စစ်ရှောင်စခန်းကို သွားရောက်ကုသပေးတာအပြင် ရှေ့တန်းစစ်မြေပြင်မှာ လိုက်ပါပြီး ဆေးကုသမှုပေးနေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် နေ့စဥ်နဲ့အမျှ နီးစပ်ရာရဲဘော်တွေ၊ စစ်ရှောင်၊ မီးဘေးသင့်ပြည်သူတွေကိုလည်း ဆေးကုသပေးနေရပြီး ဆေးဝါးလုံလောက်မှုမရှိတာကြောင့် ရှိတဲ့ဆေးဝါးနဲ့သာ အဆင်ပြေသလို ကုသနေရတယ်လို့ ကိုယောလေးက ပြောပါတယ်။ 

YPDF ဆေးတပ်ဖွဲ့ကို ဆေးဝါးလှူဒါန်းထောက်ပံ့ပေးလိုပါက YPDF Page မက်ဆင်ဂျာနဲ့ https://t.me/YPDFHQ တို့ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်တယ်လို့လည်း ဆိုပါတယ်။ 

စာတည်း - လင်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #စစ်ရှောင်ပြည်သူ #အခမဲ့ဆေးကုသ #ဆေးဝါးလိုအပ် #YPDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10