သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်ရွာအနီး မြစ်သာမြစ်အတွင်း လက်နက်ခဲယမ်းများနဲ့အတူ ပုပ်ပွ သေဆုံးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးရဲ့အလောင်းကို နိုဝင်ဘာလနှောင်းပိုင်းက တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
နိုဝင်ဘာ ၂၈ နေ့ မနက်အစောပိုင်းမှာ ကန်ရွာရဲစခန်းကို စွန့်ခွာသွားတဲ့ စစ်ကြောင်းအင်အား ၇၅ ဦးခန့်မှာ မြစ်သာမြစ်ကို ဖြတ်ကူးသွားရတာဖြစ်ပြီး ရေစီးသန်တဲ့အတွက် ဖြတ်မကူးနိုင်ဘဲ ရေနစ်သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
"ကန်ရဲစခန်းကနေ ထွက်သွားတဲ့ စစ်သားတွေပါ။ ရေက မနက်ပါဘူး။ ရေစီးသန်တော့ ပစ္စည်းဝိတ်တွေများတာနဲ့ ကျန်းမာရေး မကောင်းကြလို့ လဲကျရင်း ရေနစ်သေတာထင်တယ်" လို့ ကန်ရွာဒေသခံတဦးက ပြောပါတယ်။
နိုဝင်ဘာ ၂၉ ရက်မှာ ကန်ရွာအနားမှာပဲ ၂ ပွင့်ဗိုလ်အလောင်းတွေ့ရပြီး အဲ့ဒီအလောင်းမှာ သေနတ် ၁ လက်၊ လက်ပစ်ဗုံးနဲ့ ကျည်ဆံတွေ ပါလာတယ်လို့ သူက ဆက်ပြောပါတယ်။
ထို့အတူ နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်းက ကန်ရွာလေးမျက်နှာဘုရားရေချိုးဆိပ်မှာ ၁ ပွင့်ဗိုလ်အလောင်းကို ဗုံးသီး ၂ လုံး၊ ကျည်ဆံတွေနဲ့ တွေ့ရသလို ညနေပိုင်းအချိန် မြစ်သာမြစ်တံတားထိပ်မှာ တပ်ကြပ် ၁ ဦးရဲ့အလောင်းကို စက်လတ်သေနတ် ၁ လက်၊ ကျည်ဆန် ၄၀၀ လောက်နဲ့ တွေ့ခဲ့တာလို့ ဆိုပါတယ်။
"စစ်ယူနီဖောင်း ဝတ်ထားတယ်။ မြစ်ထဲမှာ ပုပ်ပွပြီး ပေါ်လာတော့မှ တွေ့ရတယ်။ ပါလာတဲ့ လက်နက်တွေ ယူပြီးတော့ ရေထဲပဲမျှောလိုက်တယ်" လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက် မနက်ပိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် ဂန့်ဂေါမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ချို့ဟာ ရဲစခန်းတွေကို စွန့်ခွာထွက်ပြေးသွားကြတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#မကွေးတိုင်း #ဂန့်ဂေါမြို့နယ် #ကန်ရွာရဲစခန်း #မြစ်သာမြစ် #လက်နက်ခဲယမ်း #ပုပ်ပွသေဆုံး #မင်းရွာ #သတင်း #မြေလတ်သတင်း
Share Share Share