ဂန့်ဂေါနယ်မှာ မိုးများပြီး ချောင်းရေကြီးလို့ တံတားပျက်စီးကာ သွားလာရခက်ခဲနေ (ရုပ်/သံ)

ဂန့်ဂေါမြို့နယ်မှာ မိုးဆက်တိုက်ရွာလို့ ချောင်းရေကြီးပြီး စစ်ဘေးရှောင်နေအိမ်တွေ မျောပါပျက်စီးခဲ့သလို ကျေးရွာချင်းဆက်ထားတဲ့ လူကူးကြိုးတံတားလည်း ပျက်စီးခဲ့လို့ သွားလာရ ခက်ခဲနေကြပါတယ်။

ဇူလိုင် ၃၀ ရက်ကစလို့ မိုးဆက်တိုက်ရွာခဲ့တာကြောင့် ဂန့်ဂေါမြို့နယ်၊ မောက်ကျေးရွာအုပ်စု ထယ်လှော်ရွာက စစ်ဘေးရှောင်ပြည်သူတွေရဲ့ တဲအိမ်တွေ ရေထဲမျောပါသွားကြပါတယ်။

၂ ရက်ဆက်တိုက် မိုးရွာသွန်းတာကြောင့် ဂန့်ဂေါမြို့နဲ့ ၁၆ မိုင်ကျော်ဝေးတဲ့ ထယ်လှော်ကျေးရွာတောင်ဘက်က တင်းလဲချောင်းနဲ့ မြောက်ဘက်က လောင်ဂတ်ချောင်း ၂ ခုစလုံးမှာ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ခဲ့တာပါ။ 

အဲ့ဒီအပြင် မောက်ကျေးရွာနဲ့ တောင်ယာပြင်ရွာကိုဆက်ထားတဲ့ လူကူးကြိုးတံတားလည်းချောင်းရေကြီးပြီးပျက်စီးခဲ့တာကြောင့် သွားလာရေးခက်ခဲနေကြပါတယ်။

ဂန့်ဂေါမြို့နယ်မှာ အရင်နှစ်တွေမှာ ချောင်းရေကြီးတာမျိုးရှိခဲ့ပေမယ့် အခုလိုရေ ကြီးရေလျှံတာများပြီး၊ တံတားပျက်စီးတာမျိုးမရှိခဲ့ဘူးလို့ ဆိုပါတယ်။

သြဂုတ်လ ၂ရက် ဒီနေ့ မနက်ပိုင်းမှာတော့ မိုးဆက်မရွာတော့ဘဲ ချောင်းရေအနည်းငယ်ပြန်ကျသွားပြီဖြစ်လို့ တံတားပြင်ဆင်ဖို့အတွက် ငွေကြေးစုဆောင်နေကြပြီး လက်ပံရွာကကြမ်းခင်းပျဥ်တွေပို့ပေးထားသလို တိုင်တွေအစားထိုးလဲဖို့အတွက် လုပ်ကိုင်နေကြတယ်လို့သိရပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#မကွေးတိုင်းသတင်း #ဂန့်ဂေါမြို့နယ်#သတင်း #ရေကြီးရေလျှံ #ချောင်းရေကြီး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10