ဂန့်ဂေါမြိုမရဲစခန်းက ရဲတပ်သားတဦးအလင်းဝင်

ဂန့်ဂေါမြိုမရဲစခန်းက ရဲတပ်သားတဦးအလင်းဝင်

မကွေးတိုင်း၊ ဂန့်ဂေါမြို့မရဲစခန်းက ရဲတပ်သားတဦး ဒီဇင်ဘာလ ၁၄ ရက် ကျည်ဆံတွေနဲ့ အလင်း ဝင်ရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF CoLumn -3 က သတင်းထုတ်ပြန်ထားပါတယ်။

ဂန့်ဂေါမြို့မရဲစခန်းက လုပ်သက် ၁၉ နှစ်ရှိ ရဲတပ်သား သုခဖြစ်ပြီး ဒီမနက် ၈ နာရီဝန်းကျင်မှာ ABSDF CoLumn -3 အမှတ် ၁၂  တပ်ရင်း ယောဒေသစခန်းကို AK ကျည် ၅၀ ထောင့်အတူ  အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။

“သူ့ကို လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်ထားပါတယ်” လို့ ABSDF CoLumn -3 ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်ညကလည်း ABSDF CoLumn - 3 ရဲ့ တပ်ရင်း အမှတ် ၁၄ (ချင်းတွင်းဒေသ) ကို ပုလဲမြို့နယ်ရှိ ပျူစောထီးအားကောင်းတဲ့ ဇီးဖြူကုန်းရွာက ပျူစောထီးအမျိုးသား ၁ ဦး Type- 81 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ဘောက်၊ ၇.၆၂ မီလီမီတာကျည် ၈၆ ထောင့်၊ ၅.၅၆ မီလီမီတာ ကျည် ၁၄ ထောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ စကားပြောစက် ၁ လုံး တို့နဲ့အတူ    အလင်းဝင်ရောက် ခဲ့ပါသေးတယ်။ 

၂၀၂၃ ခုနှစ်အတွင်း ABSDF CoLumn -3 ကို အလင်းဝင်ခဲ့သူ အခုရဲတပ်သားအပါ  ၅  ဦးရှိပြီး ရဲ ၂ ဦးနဲ့ ပျူူစောထီး ၃ ဦး ဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ  - အလင်းဝင်ရဲတပ်သားကို ယူဆောင်လာတဲ့ ကျည်ဆံနဲ့အတူတွေ့ရစဉ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါမြို့မရဲစခန်း #ရဲတပ်သား #အလင်းဝင် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10