ဂန့်ဂေါမြို့နယ်မှာ ဖမ်းဆီးရမိထားတဲ့ ပျူစောထီး ၂ ဦးကို မြို့နယ်ပအဖထံ လွှဲပြောင်း

ဂန့်ဂေါမြို့နယ်မှာ ဖမ်းဆီးရမိထားတဲ့ ပျူစောထီး ၂ ဦးကို မြို့နယ်ပအဖထံ လွှဲပြောင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကုက္ကားကျေးရွာအနီးက ဖမ်ဆီးရမိထားတဲ့ ပျူစောထီး ၂ ဦးကို ဇူလိုက် ၃ ရက်မှာ မြို့နယ်ပအဖထံ လွှဲပြောင်းပေးခဲ့တယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ် ။

ပြီးခဲ့တဲ့ မေ ၂၃ ရက် မနက် ၈ နာရီလောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေ ကင်းလှည့်နေချိန် ကုက္ကားရွာနား အရောက်မှာ မသင်္ကာဖွယ်ရာအမျိုးသား ၂ ဦးကိုတွေ့ရှိခဲ့ပြီး စစ်ဆေးမေးမြန်းတာတွေပြုလုပ်ချိန် ပျုစောထီး တပ်ဖွဲ့ဝင်တွေဖြစ်ကြောင်းဝန်ခံခဲ့သလို သူတို့ ၂ ဦးဆီကနေ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

" ကျနော်တို့ ရဲဘော်တွေ ကင်းပတ်ချိန်မှာ ဖမ်းဆီးရမိတာပါ။ သူတို့ကို မိတဲ့အချိန် ခုခံဖို့ ပြင်ဆင်တာရှိတယ်။ ဒါပေမယ့် ခုခံခြင်းတော့ မလုပ်နိုင်ခဲ့ဘူး" လို့ YPDF ဗဟိုဦးဆောင်ကော်မတီဥက္ကဌ ရဲဘော်ယောလေး က ပြောပါတယ်။

ကုက္ကားကျေးရွာမှ ဖမ်းဆီးခံရသူ ၂ ဦးကတော့ သန်းလွင် (၅၆ နှစ်)နဲ့ သန်းထွေး (၅၈ နှစ်) တို့ဖြစ်ပြီး သူတို့ဆီကနေ လက်လုပ်ပြောင်းချောသေနတ်အတို ၁ လက်၊ ကပစထုတ် ၅.၅၆ ကျည် ၁၇ တောင့်၊ စကားပြောစက် ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

အဆိုပါ ပျုစောထီးတပ်ဖွဲ့ဝင် ၂ ဦးကို စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ပြီး ၁ လကျော်ဖမ်းဆီးထားပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စစ်သုံ့ပန်းဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နိုင်ဖို့ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

" သူတို့ရဲ့ ရွာရဲ့လုံခြုံရေးတည်ဆောက်ထားမှု၊ စားဝတ်နေရေး၊ ခေါင်းဆောင်၊ အင်အားစတာတွေပဲ အဓိက မေးခဲ့ပါတယ်။ ကျနော်တို့ဆီမှာ ပျုစောထီးတွေကိုမိတာ ပထမအကြိမ်ပါပဲ" လို့ ရဲဘော်ယောလေးက ဆက်ပြော ပါတယ် ။

ဇွန် ၂၅ ရက်ကလည်း ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ဆေးတပ်မှ ဆေးတပ်သားများဦး ဆောင်ပြီး စစ်ဘေးရှောင်ပြည်သူများကို ကွင်းဆင်းပြီး ကျန်းမာရေးစောင့်ရှောက်‌မှုပေးခဲ့ပါသေးတယ်။

စာတည်း -လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ဂန့်ဂေါမြို့နယ် #ကုက္ကားကျေးရွာ #ပျူစောထီး  #ပအဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10