ဂန့်ဂေါမှာ တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုရဲ့စခန်းတခုကို PDF သိမ်းထားနိုင်

ဂန့်ဂေါမှာ တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုရဲ့စခန်းတခုကို PDF သိမ်းထားနိုင်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တောင်းပိုင်းမှာ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီရဲ့စခန်းတခုကို ကာကွယ်ရေးတပ်တွေက သိမ်းထားနိုင်တယ်လို့ မြေပြင်တိုက်ခိုက်ရေးမှာပါဝင်တဲ့ ရဲဘော်တဦးက ပြောပါတယ်။ 

ဂန့်ဂေါမြို့နယ်တောင်ပိုင်း မြစ်သာဆည်တမံပေါ်မှာတပ်စွဲထားတဲ့ အဆိုပါစစ်ကောင်စီစခန်းကို သိမ်းနိုင်ဖို့ ဒီဇင်ဘာ ၁၈ ရက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၂၂ ရက် ဒီနေ့မနက် ၈ နာရီလောက်မှ သိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။ 

“သူတို့(စစ်ကောင်စီ)တွေ မြစ်သာဆည်တမံပေါ်မှာ တပ်စွဲထားတာ ၁ နှစ်ကျော်လောက်ရှိပြီ။ ကျနော်တို့တွေ အဲ့ဒီစခန်းကိုရဖို့ ၁၈ ရက် ၁၉ ရက်နေ့အထိတိုက်တယ်။ ၂၀ ရက်နေ့မှာနားတယ်။ ဒီနေ့မှာထပ်ပြီးတိုက်တော့ သိမ်းနိုင်ခဲ့တယ်။" လို့ မြေပြင်တိုက်ခိုက်ရေး ရဲဘော်တဦးက ပြောပါတယ်။

အဲ့ဒီစခန်းမှာ ခလရ ၅၀ ကစစ်သားနဲ့ ရဲတပ်သား ၅၀ လောက်က ၂၀၂၂ ခုနှစ်ကတည်းက တပ်စွဲထားကြတာလို့ သိရပါတယ်။ 

တိုက်ခိုက်နေချိန်အတွင်း ဒီမနက်  ၇ နာရီလောက်မှာ ဂျက်ဖိုက်တာ ၃ စီး နဲ့ တိုက်ပွဲဖြစ်ပွားရာ နေရာအနီးတဝိုက်ကို စစ်အုပ်စုက လေကြောင်းပစ်ခတ်မှုပြုုလုပ်ခဲ့ပါသေးတယ်။

တိုက်ပွဲအတွင်း ၂ ဖက်ထိခိုက်သေဆုံးမှုတွေရှိပေမဲ့ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်နေသေးတဲ့အတွက် သေဆုံးမှုကို အတည်မပြုနိုင်သေးဘူးပါဘူး။ 

ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #စခန်းသိမ်း #တိုက်ပွဲ #သတင်း #မြေလတ်သတင်း #မြစ်သာဆည် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10