သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ကျေးရွာချင်းဆက်သွယ်ထားတဲ့ ချောင်းကူးတံတားမှာ စက်တင်ဘာ ၃ ရက်က မြေပြိုကျသွားပြီး သွားလာရခက်ခဲနေတယ်လို့ ဒေသခံတဦးထံက သိရပါတယ်။
ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ မိုး ၃ ရက်ဆက်တိုက်ရွာခဲ့ပြီး မြင်းဇာရွာနဲ့ကျွဲနန်းရွာ အကြားရှိ ထုံးကျောက်ချောင်းတံတားမှာ နံနက် ၂ နာရီခွဲအချိန်ခန့်က မြေသားပြိုကျပျက်စီးခဲ့ရာ ဒေသခံပြည်သူတွေ သွားလာရေး ခက်ခဲနေကြတာလို့ ဆိုပါတယ်။
"ဒီတံတားက နေ့တိုင်း စျေးသည်တွေ၊ ကုန်ရောင်းကုန်ဝယ်နဲ့ကျောင်းသားတွေ သွားလာနေကြတာပါ။ လမ်းလျှောက်လို့ဆိုင်ကယ်တွန်းလို့ ရပေမယ့် အရဲစွန့်သွားနေရတယ်။ မြေသားတွေက တအိအိနဲ့ပြိုကျနေတော့ သွားရတာခက်ခဲနေပါတယ် " လို့ ရွာသားတဦးက ပြောပါတယ်။
အဲ့ဒီတံတားကို ၂၀၁၉ ခုနှစ်က ကွန်ကရစ်နဲ့တည်ဆောက်ထားရာ ၂၀၂၂ ခုနှစ်မှာချောင်းရေကြီးတာကြောင့်ပြိုကျခဲ့ပြီး သံဘေလီတံတားပြန်လည်တည်ဆောက်ထားရာမှာ ဇူလိုင်လနှောင်းပိုင်းက ချောင်းရေကြီးတာနဲ့ ယခု မိုးဆက်တိုက်ရွာတာများပြီး မြေထိန်းနံရံတွေ မခိုင်မာဘဲပြိုကျခဲ့တာလို့ ဆိုပါတယ်။
" တံတားက မြေသားတွေခိုင်အောင်လုပ်မှ ဖြစ်မှာပါ။ တံတားမကောင်းလို့ ကျန်းမာရေးကိစ္စနဲ့သွားရတာ အဆင်မပြေကြဘူး။ ရပ်ရွာကပဲ ငွေစုပြင်မှရမယ်" လို့ ဒေသကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။
မြေသားပြိုကျပျက်စီးသွားတဲ့ တံတားဟာ ဂန့်ဂေါနယ်မြောက်ပိုင်းက ရွာစည်၊ လာပို့၊ မြင်းဇာ၊ ကျွဲနန်း၊ တောင်လယ်၊ လက်ပန်၊ သာကောင်း၊ ရှဉ်းရှည်၊ ချောင်းဆုံ၊ ကန်၊ ကံသာ စတဲ့ကျေး ရွာပေါင်း ၂၀ ကျော်က ပြည်သူတွေ အားထားနေရတဲ့ တံတားဖြစ်ပါတယ်။
ပုံစာ - စက်တင်ဘာလ ၃ ရက်နေ့က တံတားမြေသားပြိုကျ ပျက်စီးနေပုံ။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#သတင်း #မကွေးတိုင်း #ဂန့်ဂေါ #လမ်းပန်းဆက်သွယ်ရေး #ရာသီဥတု #မိုးရွာသွန်းမှု #မြေပြိုမှု #ဒေသခံ #သွားလာရေ
Share Share Share