ဂန့်ဂေါမှာ မြေကျင်းတူးနေတဲ့ စစ်အုပ်စုဝင် ၁ ဦးသေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံး

ဂန့်ဂေါမှာ မြေကျင်းတူးနေတဲ့ စစ်အုပ်စုဝင် ၁ ဦးသေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က စစ်အုပ်စုဝင် ၁ ဦးကို အောက်တိုဘာ ၇ ရက် ဒီမနက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ABSDF Column - 3 သတင်းထုတ်ပြန်ထားပါတယ်။

ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းကျေးရွာ နယ်မြေရဲစခန်းဝန်းကျင်မှာ အရပ်ဝတ်တွေနဲ့ အင်အား ၇ ဦးခန့် မြေကျင်းတူးနေတာကို ဒီမနက် ၈ နာရီလောက်က သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။ 

အဲ့ဒီရဲစခန်းမှာ စစ်သား ရဲနဲ့ပျူစောထီးအင်အား ၇၀ လောက်နဲ့ တပ်စွဲထားပြီး ပူးပေါင်းအဖွဲ့တွေက ရဲစခန်းဝန်း ဝန်းကျင်ကနေ ကင်းပုန်းဝပ်ကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“တယောက်ကိုတော့ မှောက်သွားအောင် ထိထိရောက်ရောက် ပစ်နိုင်ခဲ့ပါတယ်" လို့ ABSDF Column - 3 ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။

အဲ့ဒီရဲစခန်းမှာ စစ်သား၊ ရဲနဲ့ ပျူစောထီးအင်အား ၇၀ လောက်နဲ့ တပ်စွဲထားကာ သေတဲ့သူက မည်သည့်တပ်ဖွဲ့ဝင်ဆိုတာတော့ မသိရဘူးလို့ သူက ဆက်ပြောပါတယ်။

တိုက်ခိုက်မှုအပြီး ပူးပေါင်းအဖွဲ့တွေ ဆုတ်ခွာလာခဲ့ပေမယ့် စစ်အုပ်စုဘက်က ၁၅ မိနစ်ခန့်ပစ်ခတ်တာတွေရှိပြီး အလောင်းကို တောင်ခင်ရန်းရဲစခန်းထဲကို ပြန်သယ်သွားတယ်လို့ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို ABSDF အမှတ် ၁၂တပ်ရင်း(ယောဒေသ)၊ ဂန့်ဂေါခရိုင် PDF တပ်ရင်းတွေ နဲ့ ပကဖ တွေပူးပေါင်းခဲ့တာလို့ သိရပါတယ်။ 

အောက်တိုဘာ ၆ ရက်မနေ့ကလည်း ABSDF အမှတ် ၁၄ တပ်ရင်းနဲ့ ပူးပေါင်းအဖွဲ့တွေဟာ ဆားလင်းကြီးမြို့နယ်အတွင်းကနေ ပုလဲမြို့နယ်ဘက်ကို လာတဲ့စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့လို့ စစ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ပါသေးတယ်။ 

ပုံစာ - ABSDF Column 3 ရဲဘော်များ (ပုံဟောင်း)။

စာတည်း-နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #တိုက်ခိုက်မှု #စစ်ကောင်စီ #ABSDF #Column3 #ပကဖ #PDF #မကွေးတိုင်း #ဂန့်ဂေါ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10