ဂန့်ဂေါ ကန်ရွာနယ်မြေရဲစခန်းကို တနေ့တည်း နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က နယ်မြေရဲစခန်းတခုကို အောက်တိုဘာ ၂၂ ရက် မနေ့က ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ သေဆုံးမှုတွေရှိတယ်လို့ တပ်ရင်း ၃၉၀၁၊ အမှတ် ၃ စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်းရဲ့တာဝန်ရှိသူတဦးဆီက သိရပါတယ်။

ဂန့်ဂေါမြို့နယ်၊ ကန်ရွာနယ်မြေရဲစခန်းမှာ ရှိနေတဲ့ ခလရ ၅၄ က စစ်အုပ်စုအင်အား ၅၀ ဦးလောက်ကို မနေ့မနက် ၆ နာရီခွဲလောက်မှာ ဒရုန်းနဲ့ဗုံးသီး ၁၉ လုံးချတိုက်ခိုက်ပြီး နေ့လယ် ၁ နာရီလောက်မှာ ဗုံးသီး ၁၇ လုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

ဗုံးကြဲတိုက်ခိုက်ခံရလို့ ရဲစခန်းအတွင်းကလည်း ၆၀ မမတွေ လက်နက်ငယ်တွေနဲ့ ပြန်လည်တိုက်ခိုက်တယ်လို့ သူကဆက်ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ဂန့်ဂေါ်ခရိုင်အမှတ် ၁ တပ်ရင်း Drone တပ်ဖွဲ့နဲ့အတူ ဂန့်ဂေါခရိုင် အမှတ် ၇ Drone တပ်ဖွဲ့၊ Hyper UAV Force Drone တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်ကလည်း ဂန့်ဂေါ်ခရိုင်အမှတ် ၁ တပ်ရင်း Drone တပ်ဖွဲ့ဟာ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းနယ်မြေရဲစခန်းကထွက်လာတဲ့ စစ်အုပ်စု အင်အား ၂၀ ဦးလောက်နဲ့လည်း ထိတွေ့တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါသေးတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြေလတ်သတင်း #သတင်း #မကွေးတိုင်း #ဂန့်ဂေါ #နယ်မြေရဲစခန်း #ဒရုန်းဗုံးကြဲတိုက်ခိုက်မှု #Drone #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10