ဂမုန်းဆည်ပေါ်မှာ တိုက်ပွဲဖြစ်ပြီး ဒုဗိုလ် ၁ ဦးအပါ စစ်သား ၁၂ ဦးသေပြီး အများအပြားဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့လို့ ဒုဗိုလ် ၁ ဦးအပါ စစ်သားတွေသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေလည်းရှိပြီး လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - တပ်ခွဲမှူး ရဲဘော်ဒေဝ က ပြောပါတယ်။

အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမတောင်ခြေက ဂမုန်းဆည်ရေလှောင်တမံကို ဝိုင်းကျေးရွာနယ်မြေရဲစခန်းကနေလာတဲ့ စစ်သားအင်အား ၄၀ ဦးပါစစ်ကြောင်းကို အောက်တိုဘာ ၃ ရက်မနက် ၉ နာရီလောက်မှာ အသင့်စောင့်ကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

လက်နက်ကြီးငယ်တွေနဲ့ နှစ်ဘက်တိုက်ခိုက်မှုကြာမြင့်ချိန်  ၁ နာရီဝန်းကျင်ရှိပြီး စစ်တပ်စီတပ်သား ၁၂ ဦးသေကာ ၁၄ ဦးခန့် ဒဏ်ရာရရှိတဲ့အပြင် ၎င်းတို့ဆီကနေ ၆၀ မမ (BA 100) ၁ လက်၊ MA 1 ၁ လက်၊ G 3 ၂ လက်၊ အီနာဂါ ၁ လုံး၊  ၆၀ မမ ဗုံးသီး ၁ လုံး၊ G 3 ကျည် ၁၈၁ တောင့်၊ ၅. ၅၆ ကျည် ၁၃ ‌တောင့်၊ ဖုန်း ၅ လုံးနဲ့ အခြားစစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၄ရက် ဒီမနက်မှာလည်း စစ်ကောင်စီတပ်ဟာ ပဲခူးရိုးမထဲကတနေရာကို အင်အား ၂၀ ဦးကျော်နဲ့  ၅ နေရာခွဲကာ စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရာဂိမုန်တိုင်းအရှိန်နဲ့ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေတွေ ဂမုန်းဆည်အတွင်းဝင်ရောက်လာလို့  ဆည်မကျိုးပေါက်‌ရေးအတွက် တပ်ဖွဲ့ဝင်တွေနဲ့အတူ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပါသေးတယ်။

တည်းဖြတ် - HP

#‌မြေလတ်အသံ

#ပဲခူး #အုတ်ဖို #တိုက်ပွဲ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10