ဂျပန်ရောက်မြန်မာများမှ ကြားကာလ မူလတန်းလွန်ကျောင်းအတွက် စာသင်ဆောင် ဆောက်လုပ်ပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စာသင်ကြားနေတဲ့ ကျောင်းသူကျောင်းသားတွေ နေရာထိုင်ခင်း မလုံလောက်တဲ့အတွက် ဇူလိုင် ၂၉ ရက်မှာ စာသင်ဆောင် ဆောက်လုပ်ပေးခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဆီက သိရပါတယ်။

အမျိုးညီညွတ်ရေးအစိုးရ NUG ရဲ့ ကြားကာလ ပညာသင်ယူနေတဲ့ မူလွန်ကျောင်းမှာ လိုအပ်နေတဲ့ယာယီကျောင်းအဆောင် ၁ ဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့တာပါ။

ဆားလင်းကြီးနယ်အတွင်းမှာရှိတဲ့ တချို့အုပ်စုကျေးရွာတချို့က အထက်တန်းကျောင်းတွေ ပိတ်ထားတဲ့အတွက် မူလတန်းနဲ့မူလတန်းလွန်စာသင်ကျောင်းတွေမှာ လူဦးရေတိုးလာရာ နေရာအခက်အခဲရှိနေကြတယ်လို့ အညာပစ်တိုင်းထောင်အဖွဲ့ဦးဆောင်သူ မဖူးပွင့်ဝေက ပြောပါတယ်။

အဲ့ဒီစာသင်ဆောင်ဟာ အုတ်ဖိနပ်ခံ၊ သစ်သားတိုင်၊ ထရံကာ၊ ဓနိမိုးကာ တည်ဆောက်ထားပြီး ပေ ၂၀ ပေ ၄၀ အကျယ်မှာ အခန်း ၄ ခန်းဖွဲ့ထားသလို ကျပ်သိန်း ၂၀ ကျော် ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ဆောက်လုပ်ထားတဲ့ကျောင်းကို "Sakura Donation မှတစ်ဆင့် ဂျပန်ရောက်မြန်မာများ"က လှူဒါန်းခဲ့တာဖြစ်ပြီး အညာပစ်တိုင်းထောင်အဖွဲ့က ကူညီပံ့ပို့ပေးခဲ့တာလို့ မဖူးပွင့်ဝေက ပြောပါတယ်။

စာသင်ဆောင်အသစ်ဆောက်လုပ်တဲ့ကျောင်းမှာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၇၀ ဦးရှိပြီး ကျောင်းတာဝန်ခံနဲ့ လက်ထောက်ဆရာမ ၁၀ ဦးတိုဖြင့် ပညာသင်ကြားပေးနေပြီး ကျောင်းဆောင်သစ်ဖွင့်ပွဲနေ့မှာလည်း အာဟာရဒါနအဖြစ် ကျွေးမွေးလှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်ကလည်း ဆားလင်းကြီးနယ်အတွင်းမှာ ငွေကျပ် ၁၈ သိန်းကျော်ကုန်ကျတဲ့ စာသင်ဆောင် ၁ ဆောင် ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #ကြားကာလပညာသင်ကြားရေး #စာသင်ဆောင်လှူဒါန်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10