ငါန်းဇွန်းမှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ် (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ဆင်ဖြူကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ ဇန်နဝါရီ ၁၁ ရက် မနေ့က မနက် ၁၀ နာရီကျော်လောက်မှာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ CDSOM ငါန်းဇွန်တပ်ခွဲ (NRF) တပ်ဖွဲ့ဆီက သိရပါတယ်။

နတ်ကြီးရွာကနေ အင်အား ၂၅ ယောက်ဝန်းကျင်နဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဆင်ဖြူကုန်းရွာ အနောက်ဘက်ခြမ်းအရောက်မှာ ကင်းပုန်းဝပ်ဖို့လာတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၇ ဦး ထိမှန်သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ထိတွေ့ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်သားတွေဟာ ဆင်ဖြူကုန်းရွာထဲကို မဝင်တော့ဘဲ ထိခိုက်ဒဏ်ရာရတဲ့သူနဲ့ သေဆုံးတဲ့သူတွေကို ထော်လာဂျီ ၁ စီး ၊ နာရေးကား ၁ စီးနဲ့ ငါးမြာရွာဘက်ကို သယ်ဆောင်သွားတယ်လို့လည်း ဆိုပါတယ်။

“ သူတို့ကို လက်ဦးမှုယူပြီး ပစ်ခတ်ခဲ့တာ။ သေဆုံးမှုကို နယ်မြေခံတွေဆီကတဆင့် ကြားရတယ်။ ဒီမနက်သတင်းကြားတာကတော့ ငါးမြာရွာမှာ သင်္ဂြိုဟ်ပေးဖို့ လုပ်နေတယ်တဲ့”လို့ NRFအဖွဲ့က တိုက်ခိုက်ရေးတာဝန်ခံတဦးက ပြောပါတယ်။

တိုက်ခိုက်မှုကို CDSOM မြောက်ပိုင်းတိုက်ခိုက်ရေးအဖွဲ့ ဗိုလ်စကြာ ၊ CDSOM ငါန်းဇွန်တပ်ခွဲ (NRF) ၊ ဒေါင်းညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ပြည်တော်ဝင်ပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းဖိုက်တာ ၊ မုံရွာခရိုင်တပ်ရင်း ၁၅ တို့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

တည်းဖြတ်- ဟယ်ရီ

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #ငါန်းဇွန် #စစ်ကောင်စီ #CDSOM #NRF #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10