ငါန်းမြာကြီးရွာမှာ တပ်စွဲထားတဲ့စစ်အုပ်စု ဒရုန်းနဲ့တိုက်ခိုက်ခံရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ငါန်းမြာကြီး(တောင်)ရွာမှာရှိတဲ့ စစ်သားနဲ့ပျူစောထီးတွေကို အောက်တိုဘာ ၂၄ ရက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခဲ့ပါတယ်။ 

အင်အား ၁၀၀ ဝန်ကျင်နဲ့တပ်စွဲနေတဲ့ စစ်အုပ်စုကို ညနေ ၃ နာရီလောက်မှာ ဒရုန်း ၂ စီးသုံးပြီး ဗုံးသီး ၅ လုံးကြဲချခဲ့ကာ ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ စုံစမ်းနေတယ်လို့ Salingyi Border Task Force -SBTF အဖွဲ့ ပြန်ကြားတာဝန်ခံ ကိုဘိုဘိုက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Salingyi Border Task Force -SBTF၊ မန်းခရိုင် တပ်ရင်း ၆ နဲ့အတူ MDY MOBILE DEFENSE FORCE တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

ဒရုန်းနဲ့တိုက်ခိုက်ချိန်မှာ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီဘက်က နယ်မြေထိန်းချုပ်နိုင်ဖို့အတွက် ငါန်းမြာကြီးကျေးရွာအနီးကို စစ်ကြောင်းဖြန့်လာပြီး ဒေသခံကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်နိုင်ချေရှိနေတယ်လို့ ကိုဘိုဘိုက ပြောပါတယ်။ 

တည်းဖြတ် - HP

#မြေလတ်အသံ

#မြင်းခြံ #ငါန်းမြာကြီး #ဒရုန်း #တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10