ငါးသားပေါက်ဈေးနဲ့ ငါးစာဈေး အဆမတန်မြင့်တက်လို့ ငါးမွေးသူတွေ အခက်တွေ့

ငါးသားပေါက်ဈေးနဲ့ ငါးစာဈေး အဆမတန်မြင့်တက်လို့ ငါးမွေးသူတွေ အခက်တွေ့

ပဲခူးတိုင်းအနောက်ခြမ်းရှိ ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေကြသူတွေဟာ အခုနှစ်မှာ ငါးသားပေါက်ဈေးနဲ့ ငါးစာဈေးအဆမတန် ဈေးနူန်းမြင့်တက်နေလို့ လုပ်ငန်းလုပ်ကိုင်ဖို့ အခက်ဖြစ်နေကြတယ်လို့ ပဲခူးတိုင်းအနောက်ခြမ်းက ငါးမွေးမြူရေးလုပ်ကိုင်ကြသူတွေက ပြောပါတယ်။ 

အရင်နှစ်က ၂ လက်မအရွယ် ငါးသားပေါက်တကောင်ကို ၅ ကျပ်နဲ့ ၁၀ ကျပ်ကြားမှာ ဈေးပေါက်ပြီး ဒီနှစ်မှာ တော့ တကောင်ကို ကျပ် ၃၀ အထိပေးနေရတယ်လို သိရပါတယ်။ 

အရင်နှစ်က ၃ ရက်သား ငါးသားပေါက် အကောင်ရေတသိန်းကို ကျပ် ၄,၀၀၀ ဈေးပေါက်ပြီး  အခုနှစ်မှာ ကျပ် ၅,၅၀၀ နဲ့ ၆,၀၀၀ ဈေးပေါက်တယ်လို့ဆိုပါတယ်။

အလားတူ ငါးစာဖြစ်တဲ့ ဖွဲနုဈေးနှုန်းမှာလည်း ဖွဲနုပေါင် ၆၀ တအိတ်ကို ကျပ် ၁၂,၅၀၀ နဲ့ ကျပ် ၁၅,၀၀၀ ဝန်းကျင်ဈေးပေါက်ရာက အခုနှစ်မှာ ဖွဲနုတအိတ်ကို ကျပ် ၂၆,၀၀၀ ဈေးပေါက်နေတယ်လို့ပါတယ်။ 

"ငါးဈေးက တပိသာ ၁ ထောင်မတက်ဘူး။ ငါးသားပေါက်ဈေးက ထိုးတက်သွားတယ်။ အရွယ်အစားနဲ့ ငါးအမျိုးအစားအလိုက်တက်သွားတာ။ အစာဈေးကလည်း တက်တာပဲ။ နည်းလမ်းမှန်မှန်မွေးတတ်ရင်တော့ မြတ်ပါတယ်။ နည်းလမ်းမှန်ဖို့ လိုပါတယ်၊ မဟုတ်ရင်တော့ အချီကြီးရှုံးမှာ" လို့ ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်က ငါးမွေးမြူသူတဦးက ပြောပါတယ်။

အခုလို အဖက်ဖက်မှ ဈေးနူန်းတွေ အဆမတန်မြင့်တက်နေတာကြောင့် ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေကြသူတွေအနေနဲ့ သေချာမမွေးမြူနိုင်၊ ဂရုမစိုက်နိုင်ပါက ဆုံးရှုံးမှုကို ကြီးကြီးမားမားရင်ဆိုင်နိုင်ရမှာဖြစ်တယ်လို့ ငါးမွေးမြူရေးလုပ်ကိုင်နေကြသူတွေက ဆိုပါတယ်။  

ငါးမွေးမြူရေလုပ်ငန်းအတွက် ရင်းနှီးစရိတ်တွေ အဆမတန်မြင့်တက်လာပေမယ့် ငါးဈေးနှုန်းကတော့ တပိသာအတွက် ကျပ် ၇၀၀ ဝန်းကျင်သာ ဈေးနှုန်းမြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့နှစ် ရောင်းတန်းဝင် ငါးဈေး(အထိုင်ဈေး)ဟာ ငါးအမျိုးအစားအလိုက် ၁ ပိဿာ ကျပ် ၂,၇၀၀၊ ၃,၀၀၀၊ ၄,၅၀၀၊ ၅,၀၀၀ စသဖြင့် အစားအစားရှိပြီး အခုအခါမှာ တပိသာ ၇၀၀ ကျပ်သာဈေးမြင့်လာတာဖြစ်တယ်လို့ ဆိုပါတယ်။ 

ပဲခူးတိုင်းအနောက်ခြမ်းက မိုးညို၊ လက်ပံတန်း၊ မင်းလှ၊ သဲကုန်း စတဲ့မြို့နယ်တွေအတွင်းမှာ ငါးခေါင်းပွ၊ ငါးခူ၊ ငါးကြင်းဖြူ၊ ငါးကြင်းရွှေဝါ၊ ငါးတန်နဲ့ ငါးမြစ်ချင်း၊ ငါးမုတ်စတဲ့ ငါးတွေကို အဓိကမွေးမြူကြတယ်လို့ သိရပါတယ်။

ပုံစာ - မွေးမြူရေးကန်ကိုရောက်ရှိလာတဲ့ ငါးသားပေါက်များ။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ငါးမွေးမြူရေးလုပ်ငန်း #ငါးသားပေါက် #ငါးစာ #ဈေးမြင့် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10