သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
အာဏာသိမ်းစစ်ကောင်စီကို ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ “ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိနှင်းဆီတွေ” အဖြစ် ရှိနေမယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့မှာ မကွေးတိုင်း၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင် တပ်ရင်း ၁ PDF ရဲမေတွေက ကတိပြုခဲ့ကြပါတယ်။
၂၀၂၄ ဇွန် ၁၉ ရက်မှာ ကျရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်၇၉ နှစ်ပြည့် မွေးနေ့မှာ ဂန့်ဂေါရဲမေတွေဟာ နှင်းဆီပန်းတွေ ပန်ဆင်ကာ ပန်းသပိတ်ကို ပြုလုပ်ခဲ့ပြီး မွေးနေ့ဆုမွန်ကောင်းများ တောင်းဆိုပေးခဲ့ကြပါတယ်။
ဒါ့အပြင် ဒေါ် အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးချုပ်နှောင်ထားခံရတဲ့ အနှောင်အဖွဲ့တွေကနေ အမြန်လွတ်မြောက်နိုင်ပါစေ၊ ကျန်းမာပါစေ၊ သက်ကျော်ရာကျော်ရှည်ပါစေ စတဲ့ ဆုမွန်ကောင်းများကိုလည်း တောင်းပေးခဲ့ကြတယ်လို့ သိရပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ဂန့်ဂေါ #တပ်ရင်း၁ #PDFရဲမေ #ဒေါ်အောင်ဆန်းစုကြည် #ရ၉နှစ်ပြည့် #မွေးနေ့ #ပန်းသပိတ် #ဆုတောင်း
Share Share Share