ငွေကောက်ခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်ခံရလို့ ၅ ဦးထက်မနည်းသေဆုံး (ရုပ်/သံ)

မကွေးတိုင်း ၊ ရေစကြိုမြို့နယ် ကျောက်လှေခါးကျေးရွာမှာ ဘန်ကာတွေအထပ်ထပ်ပြုလုပ်ထားပြီး ခရီးသွားပြည်သူတွေဆီကနေ ငွေကြေးကောက်ခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်ခံရလို့ ၅ ဦးထက်မနည်း သေဆုံးသွားတယ်လို့ သိရပါတယ်။

အဲဒီ စစ်ကောင်စီတပ်ဖွဲ့ဟာ ကျောက်လှေခါးကျေးရွာကားလမ်းမှာ အာဏာသိမ်းပြီးနောက်ပိုင်းကစလို့  စခန်းချနေထိုင်ပြီး လမ်းသွားလမ်းလာပြည်သူတွေ ဆီကနေ ငွေကြေးကောက်ခံမှုတွ ပြုလုပ်နေတယ်လို့  Yesagyo Revolution  Group -2 တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“စစ်အာဏာသိမ်းပြီး တလလောက်မှာပဲ အဲဒီရွာမှာ တပ်စွဲထားတာ။ အဲကတည်းက ငွေကြေးကောက်ခံနေတာ။ သူတို့မထင်ရင် ပြည်သူတွေစျေးကဝယ်ပြန်လာတဲ့ ဆန်အိတ်တွေကို ချခဲ့ခိုင်းတာတွေလုပ်တယ်။ သူတို့ယူချင်တာတွေလည်း ယူလေ့ရှိတယ်အရင်က အဲနေရာမှာ စျေးဆိုင်တွေရှိတယ် သူတို့ဂိတ်ချဖို့အတွက် အဲဒီ စျေးဆိုင်တွေကိုဖယ်ခိုင်းတယ်။ စခတွေသေဆုံးမှုကို သူတို့နဲ့ နီးစပ်သူဆီက သိရတယ်” လို့ ဆိုပါတယ်။

ထိတွေ့ပစ်ခတ်မှုဖြစ်ပွားနေချိန်မှာပဲ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စခန်းသိမ်းဖို့ကြိုးစားခဲ့ပေမယ့်လည်း လာရောက်စစ်ကူပေးခဲ့တဲ့အတွက် စခန်းကို မသိမ်းနိုင်ခဲ့ဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် ပကဖ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“တနာရီကျော်လောက်ထိတွေ့မှုဖြစ်တယ်။ ကျနော်တို့တွေ စခန်းထဲဝင်ကိုသိမ်းဖို့လုပ်ဖို့ပေမဲ့ စစ်ကူလာလို့ ပြန်ဆုတ်ခဲ့ရတယ်။ GTC ကျောင်းမှာ တပ်စွဲထားတဲ့ စခတွေက စစ်ကူလာပေးတယ်။ GTC ကျောင်း နဲ့ သူတို့စခန်းက ဆိုင်ကယ်နဲ့ ဆို ၁၀ မိနစ်လောက်ပဲဝေးတယ် ” လို့ဆိုပါတယ်။

ထိတွေ့ပစ်ခတ်မှုမှာဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကအထိခိုက်မရှိပြန်လည်ဆုတ်ခွာခဲ့တယ်လို့လည်းဆိုပါတယ်။ ဒီ ပစ်ခတ်မှုကိုYesagyo Revolution Group (YRG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်(ပကဖ)၊ Urban Underground Revolution Force (UURF)၊ မြင်းခြံခရိုင်  တပ်ရင်း(၁)27 Revolution Force၊ မြင်းခြံခရိုင်တပ်ရင်း(၃)၊ Myingyan District Drone Strik၊ နဂါးနီ အထူးပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ ပခုက္ကူမြို့ပြ‌ပြောက်ကျားတပ်ဖွဲ့၊ Phoenix Ranger (မြိုင်)၊ ဒေါင်းသွေးနီပျောက်ကျားတပ်ဖွဲ့YSO နဲ့Southern YSO PDF အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

တည်းဖြတ် - CM

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10