ငွေကျပ် ၂၀,၀၀၀တန် ကြောင့် Zero ရဲ့ သိန်း ၂၀၀၀ ပရောဂျက် ထိခိုက်မှုရှိ (ရုပ်/သံ)

စစ်ကောင်စီက မကြာသေးခင်က ထုတ်လိုက်တဲ့ ငွေ ၂၀,၀၀၀ သောင်းတန်ကြောင့် ငွေကြေးဈေးနှုန်း ဂယက်ရိုက်ခတ်မှုဖြစ်ခဲ့ရာ မြင်းခြံခရိုင်တပ်ရင်း (၇) - Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ သိန်း ၂၀၀၀ ပရောဂျက် (အာဠာဝက - Challenge) အတွက် ထိခိုက်မှုတွေ ရှိတယ်လို့ တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်သက်ကြီးက ပြောပါတယ်။

စစ်ဆင်ရေးအတွက် လိုအပ်တဲ့ လက်နက်တွေ ဝယ်ယူဖို့ ကျပ်သိန်း ၂၀၀၀ နဲ့ မူလက လျာထားပေမယ့် အခုလို ငွေကြေးရိုက်ခတ်မှုကြောင့် ဈေးနှုန်းမြင့်တက်လာလို့ လက်နက်တွေအပါအဝင် ကျည်ဆံဝယ်ဖို့ပါ လျော့နည်း သွားနိုင်တယ်လို့ ဆိုပါတယ်။

Zero ပြောက်ကျားတပ်ဖွဲ့ အနေနဲ့ စစ်ဆင်ရေးတွေမှာ အသုံးပြုဖို့ရည်ရွယ်ပြီး ကျပ်သိန်း ၂၀၀၀ ပရောဂျက်ကို ဇူလိုင် ၁၄ ရက်ကနေ သြဂုတ် ၂၇ ရက်အထိ ရက်ပေါင်း ၄၅ ရက်ကြာ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အာဠာဝက စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ ဒီပ‌ရောဂျက်ဟာ စစ်ကောင်စီကို နယ်မြေမရွေးဘဲ အညာတခွင်မှာ စခန်းတွေသိမ်းနိုင်တဲ့အထိ စစ်ပွဲတွေကို ပြင်းပြင်းထန်ထန် လုပ်ဆောင်သွားမယ်လို့ Zero ပြောက်ကျားခေါင်းဆောင်ဖြစ်သူ ဗိုလ်သက်ကြီးက ဒီပရောဂျက်ကနေ အသိပေး ပြောဆိုထားတာပါ။

ယခုသြဂုတ်၂၇ ရက်မှာ ပရောဂျက်ကာလ ကုန်ဆုံးမှာ ဖြစ်ပြီး လက်ရှိအထိ သတ်မှတ်ထားတဲ့ ပမာဏရဲ့ ၆၅ ရာခိုင်နှုန်းကျော်သာ ရရှိသေးတာဖြစ်လို့ ပြည်သူတွေအနေနဲ့ ကျန်တဲ့ရက်ပိုင်းမှာ ပြည့်မီအောင် ထောက်ပို့ပါဝင် ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

#မြေလတ်အသံ

#Zeroပြောက်ကျားတပ် #အာဠာဝကပရောဂျက် #ထိခိုက်မှုရှိ #ရုပ်သံသတင်း #နှစ်သောင်းတန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10