စကားများရန်ဖြစ်ရာမှာ သားဖြစ်သူက ဓားနဲ့ထိုးလို့ အဖေဖြစ်သူ သေဆုံး

စကားများရန်ဖြစ်ရာမှာ သားဖြစ်သူက ဓားနဲ့ထိုးလို့ အဖေဖြစ်သူ သေဆုံး

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ ပေါက်တောရွာက သားအဖ ၂ ဦးဟာ ရန်ဖြစ်စကားများရာမှ သားဖြစ်သူက ဓားနဲ့ထိုးလိုက်လို့ အဖေဖြစ်သူ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၆ ရက်မနေ့ည ၇ နာရီ ၂၀ မိနစ်လောက်မှာ အသက် ၂၄ နှစ်အရွယ် ကိုရန်လင်းစိုးဆိုသူနဲ့ အဖေဖြစ်သူ ဦးဆန်းဝင်းတို့ အ‌ချေတင်စကားများရာမှ သားဖြစ်သူက ဓားနဲ့ထိုးလိုက်လို့ အဖေဖြစ်သူ ပွဲချင်းပြီး သေဆုံးသွားခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

"ဦးဆန်းဝင်းက အိမ်ထောင်ကွဲပါ။ သူ့မှာသား ၂ ယောက် သမီး ၁ ယောက် ရှိပါတယ်။ မနေ့က ဦးဆန်းဝင်းကို ဓားနဲ့ ထိုးလိုက်တာက သူ့သား အလတ်ကောင်ပါ" လို့ ဆိုပါတယ်။

ဒီဖြစ်စဥ် ဖြစ်ပွားခဲ့တာနဲ့ပက်သက်ပြီး အသေးစိတ်အခြေအနေတွေကို မသိရှိရသေးပါဘူး။  

အခုလက်ရှိမှာတော့ ဦးဆန်းဝင်းကို သဂြိုလ်ဖို့အတွက် ပြင်ဆင်နေပြီး ကိုရန်လင်းစိုးကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ညတွင်းချင်း ဖမ်းဆီးရမိသွားတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10