သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ငလှိုင်တွင်းရွာမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ပြီး ထွက်ပြေးတာကြောင့် မေလ ၉ ရက်မှာ မင်းဘူးခရိုင် အမှတ် (၁၊ ၅) တပ်ရင်း ရဲဘော်တွေက နယ်မြေရှင်းလင်းရေးလုပ်ခဲ့ကြတယ်လို့ အမှတ်-၁ စစ်ဒေသ မကွေးတိုင်း ကွပ်ကဲရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ ငလှိုင်ကျေးရွာမှာ စစ်အာဏာမသိမ်းခင်ကတည်းက တပ်စွဲနေထိုင်နေတာဖြစ်ပြီး အခုနှစ်မေလ ၈ ရက်မှာ ရွာကနေထွက်ခွာသွားတာလို့ ဆိုပါတယ်။
“ထိတွေ့မှုမရှိပဲ အတိုက်ခံရမှာကြောက်လို့ထွက်ပြေးသွားတဲ့အတွက် အရှင်ဖမ်းဆီးရမိတာမျိုးတွေ မရှိပါဘူး။ နယ်မြေရှင်းလင်းချိန်မှာလည်း အကုန်လုံးကိုဖျက်ဆီးရှင်းလင်းခဲ့တယ်။ ရှင်းလင်းရေး လုပ်တဲ့အချိန်မှာ လေယာဉ်တွေ သာမာန်ထက်ပိုဝဲတယ်။ ပစ်ခတ်တာတော့မလုပ်ဆောင်သွားဘူး” လို့ အမှတ် − ၁ စစ်ဒေသမကွေးတိုင်းကွပ်ကဲရေးအဖွဲ့မှ တာဝန်ရှိသူအမျိုးသမီးတဦးက ပြောပါတယ်။
ငလှိုင်တွင်းရွာကနေ ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေဟာ ကန်ပြားရဲစခန်းဘက်ကို ထွက်ခွာသွားကြတယ်လို့သိရကြောင်း အထက်ပါတာဝန်ရှိသူအမျိုးသမီးက ပြောပါတယ်။
နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ပေမယ့်လည်း လေကြောင်းအန္တရာယ်စိုးရိမ်တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ အဲ့ဒီနေရာမှာအထိုင်တာမျိုးမရှိဘူးလို့ ဆိုပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #စလင်း #ငလှိုင်တွင်းရွာ #စခန်းစွန့် #စစ်ကောင်စီ
Share Share Share