စခန်းသိမ်းတိုက်ပွဲ ဆက်တိုက်အောင်မြင်ခဲ့တဲ့ ရဲဘော်တွေကို စစ်‌ရှောင်တွေက အောင်သပြေပန်းနဲ့ ကြိုဆို (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ကိုင်းတောမရဲစခန်း၊ စစ်တပ်အထိုင်စခန်းနဲ့ ပျူစောထီးစခန်းတွေကို သိမ်းပိုက်ပြီးပြန်လာတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကို စစ်ရှောင်တွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ယမန်နေ့ ဩဂုတ် ၉ ရက် မနက်ပိုင်းက ကြိုဆိုခဲ့ကြတာဖြစ်ပြီး ကြိုဆိုရာလမ်းတလျှောက်ရှိ ကျေးရွာ ၅ ရွာထက်မနည်းက ဒေသခံပြည်သူတွေက အောင်သပြေပန်းတွေအပြင် စားသောက်စရာတွေကိုပါ လက်ဆောင်ပေးကြတယ်လို့ အညာမြေတပ်ပေါင်းစုက ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

ဒေသခံပြည်သူတွေဟာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အောင်ပွဲရပြန်လာတဲ့အခါတိုင်း အောင်သပြေပန်းတွေနဲ့ ကြိုဆိုလေ့ရှိသလို တိုက်ပွဲမှာ ရဲဘော်အချို့ ကျဆုံးပါကလည်း ငိုကြသူတွေလည်း ရှိတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်ကနေ ၈ ရက်အထိ မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်း၊ မြိုင် ကပစ ရေစက်အထိုင်စခန်းနဲ့ ဝက်ပုတ်ပျူစောထီးရွာတွေကို မြိုင်၊ ပခုက္ကူနဲ့ ပေါက်မြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းကာ လက်နက်ကြီးငယ်မျိုးစုံအပြင် ဒရုန်းတပ်ဖွဲ့တွေနဲ့ပါ ပူးပေါင်းတိုက်ခိုက် သိမ်းယူခဲ့တာလို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #မြိုင် #အောင်ပွဲရ #ရဲဘော် #စစ်ရှောင် #ကြိုဆို 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10