စခန်းသိမ်းတိုက်ပွဲမှာ ခြေထောက်ရိုးကျိုးခဲ့တဲ့ရဲဘော်ကို ခွဲစိတ်ကုသဖို့ အကူအညီလိုအပ်

စခန်းသိမ်းတိုက်ပွဲမှာ ခြေထောက်ရိုးကျိုးခဲ့တဲ့ရဲဘော်ကို ခွဲစိတ်ကုသဖို့ အကူအညီလိုအပ်

တိုက်ပွဲအတွင်း ခြေထောက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁ Young Rangers Force - YRF တပ်ဖွဲ့က PDF ရဲဘော်တဦး ခွဲစိတ်ကုသဖို့ အကူအညီလိုအပ်နေတယ်လို့ YRF တပ်ဖွဲ့ဆီက သိရပါတယ်။

၂၀၂၃ ဧပြီ ၁၇ ရက်က ကနီမြို့နယ်၊ ယာကြီးရွာ၊ တာဝါတိုင်ကုန်း စခန်းသိမ်းတိုက်ပွဲအတွင်း အသက် ၂၀ အရွယ်ရှိ ရဲဘော် ကျော်ထက်ရဲ့ညာဘက်ခြေထောက်ကို ကျည်ထိမှန်ဒဏ်ရာရခဲ့တာဖြစ်ပြီး ၃ ကြိမ်မြောက် ခွဲစိတ်ကုသဖို့အတွက် အကူအညီ လိုအပ်နေတာလို့ ဆိုပါတယ်။

"ဆေးကုသတာနဲ့ခွဲစိတ်တာ တနှစ်နီးပါးရှိပြီ။ လူနာက စားနိုင်၊ အိပ်နိုင်ပါတယ်။ လမ်းမလျှောက်နိုင်ပါဘူး။ အရိုးကျိုးသွားတော့ ခြေထောက် နာတာ၊ ကိုက်ခဲတာ ခံစားနေရပါတယ်" လို့ YRF ထောက်ပို့အဖွဲ့ရဲမေ မချယ်ရီက ပြောပါတယ်။

ဒဏ်ရာရရဲဘော်ကို အခုနှစ်ဧပြီလအတွင်း ၃ ကြိမ်မြောက် ထပ်မံခွဲစိတ်ရမှာဖြစ်သလို ဆေးကုသစရိတ် ၁၀ သိန်းလောက်ကုန်ကျနိုင်တာ‌ကြောင့် ပြည်သူတွေအနေနဲ့တတ်နိုင်တဲ့ဘက်က ကူညီပေးဖို့ သူကဆက်ပြောပါတယ်။

ဆေးဝါးကုသနေတာ ၁ နှစ်နီးပါးရှိပြီး အထွေထွေကုန်ကျစရိတ်အနေနဲ့ မှတ်တမ်းမထားရှိဘဲ ဒဏ်ရာသက်သာ ပျောက်ကင်းအောင် ကုသပေးနေတယ်လို့ ဆိုပါတယ်။

ဒဏ်ရာရ ရဲဘော်ကိုဆေးကုသဖို့ ပါဝင်ကူညီလိုတဲ့ တော်လှန်ပြည်သူတို့အနေနဲ့ YRF တပ်ဖွဲ့ Facebook Page Messager ကိုလာရောက် ဆက်သွယ်နိုင်တယ်လို့ မချယ်ရီကပြောပါတယ်။ 

တာဝါတိုင်ကုန်းစခန်းသိမ်းတိုက်ပွဲကို အောင်မြင်စွာ စခန်းသိမ်းတိုက်ခိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း အသက်ပေးသွားကြတဲ့ ရဲဘော်တွေရှိသလို၊ ခြေလက်အင်္ဂါတွေ ဆုံးရှုံးသွားကြရတဲ့ ရဲဘော်တွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် # YRF #စခန်းသိမ်းတိုက်ပွဲ #ပြင်းထန်ဒဏ်ရာရ #ဆေးဝါးကုသ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10