စစ်ကိုင်းက ပဒူရဲဲစခန်းကို PDF က ဒရုန်းနဲ့တိုက်ခိုက်၊ သေဆုံးထိခိုက်မှုရှိဟုဆို

စစ်ကိုင်းက ပဒူရဲဲစခန်းကို PDF က ဒရုန်းနဲ့တိုက်ခိုက်၊ သေဆုံးထိခိုက်မှုရှိဟုဆို

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပဒူကျေးရွာ နယ်မြေရဲစခန်းမှာ တပ်စွဲနေတဲ့စစ်ကောင်စီတပ်သားတွေကို ဇူလိူင် ၃ ရက် မနေ့ညနေက ဒရုန်းနဲ့ဗုံးသီး ၁၀ လုံးချကာ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အများအပြားရှိတယ်လို့ Eagle Guerrilla Force ခေါင်းဆောင် ဗိုလ်ကောက်ရိုးက ပြောပါတယ်။ 

 

အင်အား ၈၀ ကျော်ဝန်းကျင်ရှိတဲ့ ရဲနဲ့ စစ်သားတွေကို မနေ့ညနေ ၅ နာရီလောက်မှာ တိုက်ခိုက်ခဲ့ကြတာလို့ဆို ပါတယ်။

 

"ဗုံးသီး ၁၀ လုံးကို တလုံးနဲ့တလုံး ၅ မိနစ်စီခြားပြီး တိုက်ခိုက်ခဲ့တာ။ ဘယ်နှစ်ကောင် မသာပေါ်သလဲလို့တော့ မသိဘူး။ ခွေးအကောင် ၃၀ လောက်က လက်နက်တွေကိုင်ပြီး ခွေးပြေးဝက်ပြေးတာ"လို့ ဗိုလ်ကောက်ရိုးက ပြောပါတယ်။

 

တိုက်ခိုက်ခံရတဲ့အတွက် စစ်အုပ်စုဘက်က ၉၀ မမ ၂ ချက်အပြင် လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပြီး ကန်ကြီးကုန်းရွာဘက်ကို ထွက်ပြေးတာလို့ ဆိုပါတယ်။ 

 

စစ်ကောင်စီထောက်ခံတဲ့တယ်လီဂရမ်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတိုက်ခိုက်လို့ ရဲစခန်းပေါ်နဲ့ ရဲစခန်းအနီးဝန်းကျင်တွေကို ဗုံးသီးတွေကျရောက်ပေါက်ကွဲလို့ ရဲ ၂ ဦးဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။

 

အဲဒီတိုက်ခိုက်မှုကို Eagle Guerrilla Force ဗိုလ်ကောက်ရိုး ရွှေဘိုခရိုင်တပ်ရင်း ၁၅၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၁ (နဂါးနီတပ်ရင်း)၊ ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့(လေသရဲဒရုန်းတပ်ဖွဲ့)၊ မြင်းခြံခရိုင် တပ်ရင်း ၇ (Zero ပြောက်ကျားတပ်ဖွဲ့)၊ ဆားတောင်မိုးကြိုး GTR MMUနဲ့ ဒေသခံအဖွဲ့တွေ ပူးပေါင်းခဲ့တာလို့ သိရပါတယ်။.

 

ဒီနေ့မနက် အစောပိုင်းမှာတော့ စစ်ကောင်စီတပ်ဟာ သေဆုံးအလောင်းနဲ့ ဒဏ်ရာရတပ်ဖွဲ့ဝင်တွေကို စစ်ကိုင်းမြို့ကနေ ကားနဲ့လာသယ်ပြီးအပြန် ကန်ဖြူရွာဒေသခံတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်လို့ ပြန်လှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့သေးတယ်လို့ ဆိုပါတယ်။

 

Eagle Guerrilla Force အဖွဲ့ဟာ ဇူလိူင် ၁ ရက် ည ၇ နာရီလောက်ကလည်း စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ ရွှေကျင်ကျေးရွာ အရှေ့ဘက်မှာ စခန်းချနေတဲ့ စစ်အုပ်စုကို ဒရုန်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အပြင် စနိုက်ပါနဲ့ပါပစ်ခတ်ခဲ့လို့ စစ်သားတချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #စစ်ကိုင်းမြို့နယ် #ပဒူကျေးရွာ #EagleZ_Guerrilla_Force #ဒရုန်း #PDF #Zeroပြောက်ကျား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10