စစ်ကိုင်းက ပျူသင်တန်းဆင်းထားသူ ပစ်သတ်ခံရ

စစ်ကိုင်းက ပျူသင်တန်းဆင်းထားသူ ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ PDF တွေကို မထောက်ပံ့ဖို့ ပြောဆိုတဲ့ ပျူစောထီးသင်တန်းဆင်းလို့ လူသိများသူ တဦးကို မတ်လ ၁၁ ရက် ဒီမနက်မှာ ရှင်းလင်းခဲ့တယ်လို့ Truth Keeping Force – AMA အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်အုပ်စု၊ ကျောက်ဆည်ရွာက အသက် ၅၀ နှစ်အရွယ် ကိုရဲလင်း ဆိုသူဖြစ်ပြီး၊ ဒီမနက် ၆ နာရီလောက်မှာ ပစ္စတိုနဲ့ ၇ ချက် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

"သူက မနက်တိုင်းလမ်းလျှောက်နေကျ။ ဒီနေ့လည်း သူ့အိမ်နားက ဘောလုံးကွင်းမှာ တဦးထဲ လမ်းလျှောက်နေတာကို ရှင်းလင်းခဲ့တာပါ။ ပစ်မှတ်ဖြစ်တဲ့ သူ့ကိုပဲ ပစ်ခဲ့သလို နေရာမှာတင် ပွဲချင်းပြီး သေသွားပါတယ်" လို့ Truth Keeping Force – AMA ရဲ့ သတင်းပြန်ကြားရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ကိုရဲလင်းဟာ စစ်ကောင်စီကို သတင်းပေးတာ၊ ဆပ်ကြေးကောက်တာ၊ PDF ကိုမထောက်ပံ့ဖို့ ကျေးရွာသားတွေကို ခြိမ်းခြောက်ပြောဆိုတာတွေ ရှိတယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၀ ရက်ကလည်း Truth Keeping Force - AMA အဖွဲ့ဟာ Kyaukse Apostle Force အဖွဲ့နဲ့ ပူးပေါင်းပြီး မန္တလေးတိုင်း၊ တံတားဦးမြို့နယ်က အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုအောင်ဆန်းဝင်းနဲ့ အကိုဖြစ်သူ ကိုဘပြုံးတို့ကို ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10