စစ်ကိုင်းတိုင်းက အမျိုးသမီးတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က လိင်ပိုင်းကျူးလွန်မှု ပြုလုပ်လာ (ရုပ်/သံ)

စစ်ကိုင်းတိုင်းထဲမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့ အရပ်ဒေသတွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းကျူးလွန်တဲ့အမှုတွေမှာ ကာကွယ်ရေးတပ်ဖွဲ့တွေထဲကပါ ပါဝင်နေပြီး စစ်ကိုင်းထဲမှာ ပိုပြီးအဖြစ် များလာတယ်လို့ စစ်ကိုင်းတိုင်းအတွင်း အမျိုးသမီးတက်ကြွလှုပ်ရှားနေသူ အမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

လိင်ပိုင်းကျူးလွန်ခံရတဲ့ အမျိုးသမီးတွေဟာ သူတို့အရှက်သိက္ခာအပါအဝင် ပြုကျင့်သူဘက်က နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ခံရတာကြောင့် တိုင်းကြားတာတွေ မလုပ်ရဲဘဲ နှုတ်ပိတ်ထားကြသလို တချို့အမျိုးသမီးတွေမှာ စိတ်ပိုင်းဆိုင်ရာအရရော ခန္ဓာကိုယ်အစိတ်ပိုင်းပါ ထိခိုက်တာတွေရှိနေပြီး နောက်ဆုံး သူတို့ရွာ၊ သူတို့ဒေသတွေမှာ မနေရဲတော့ဘဲ တခြားဒေသတွေဆီ ပြောင်းရွေ့သွားကြတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။


စစ်ကိုင်းတိုင်းအတွင်းမှာ တိုက်ပွဲတွေဖြစ်နေတဲ့ အရပ်ဒေသတွေထဲက အမျိုးသမီးတွေ ကြုံတွေ့နေကြရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး အမျိုးသမီးတက်ကြွလှုပ်ရှားနေသူ အမျိုးသမီးတဦးကို မြေလတ်အသံက မေးမြန်းထားတာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10