စစ်ကိုင်းတိုင်းတွင်း မြို့နယ် ၂ ခုက ဒေသခံနဲ့ စစ်ရှောင်တွေကို အာဟာရဒါနကျွေးမွေး

စစ်ကိုင်းတိုင်းတွင်း မြို့နယ် ၂ ခုက ဒေသခံနဲ့ စစ်ရှောင်တွေကို အာဟာရဒါနကျွေးမွေး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က စစ်ရှောင်တွေနဲ့ မြောင်မြို့နယ်ထဲက ဒေသခံတွေကို ဒီကနေ့ ဇွန်လ ၁၉ ရက်မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေ့နေ့မှာ တော်လှန်ရေးအဖွဲ့ဝင်တွေက အာဟာရဒါန ကျွေးမွေးခဲ့ကြပါတယ်။ 

အကျဥ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့မှာ ဆားလင်းကြီးမြို့နယ်က စစ်ဘေးရှောင် ၁ ထောင်ကျော်ကို ထမင်းတနပ်စာကျွေးမွေးပေးခဲ့တယ်လို့ နွေဉီးလူငယ်အင်အားစု ထောက်ပို့အဖွဲ့ဆီက သိရပါတယ်။ 

ကိုဖြိုးနဲ့အလှူရှင်များက အဲဒီစစ်ဘေးရှောင် တထောင်ကျော်အတွက် ထမင်းတနပ်စာဖို့လှူဒါန်းပေးတဲ့ ငွေ ၃သိန်းခွဲကျပ်ကို နွေဦးလူကယ်အင်အားစုထောက်ပို့အဖွဲ့က စားနပ်ရိက္ခာပစ္စည်းတွေဝယ်ယူပြီး ကိုယ်တိုင်းသွားရောက်ကာ ချက်ပြုတ်ကျွေးမွေးခဲ့တာလို့ ကိုယ်တိုင်ချက်ကျွေးခဲ့တဲ့ ထောက်ပို့လူငယ်တဦးက ပြောပါတယ်။

ဒါ့အပြင် မြောင်မြို့နယ်ရှိ ကျေးရွာတရွာက ဒေသခံတွေကိုလည် မွေးနေ့အထိမ်းအမှတ်အဖြစ် T.G.R Wormen Drone Force အဖွဲ့က ထမင်းကျွေးမွေးခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူ ကျားခင်စိန်က ပြောပါတယ်။ 

ဘုန်းတော်ကြီးကျောင်းကို ဆွမ်းကပ်တာအပြင် ကျေးရွာသားတွေကိုပါ ဒီမနက် ၇ နာရီကနေ ၁၁ နာရီအထိ ကြက်သားချက်၊ ပဲနှပ်၊ ငရုတ်သီးကြော်နဲ့ ကျွေးမွေးခဲ့တာဖြစ်ပြီး မွေးနေ့ရှင်မရှိပေမယ့် ရှိတဲ့ပုံစံမျိုးနဲ့ ကောင်းမွန်စွာ ပြုလုပ်ခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။ 

အောင်စိုး၊ စာတည်း - လင်း

 

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #မြောင် #အာဟာရဒါန #T.G.R #နွေဦးလူငယ်အင်အားစုထောက်ပို့အဖွဲ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10