စစ်ကိုင်း-မင်းကွန်းလမ်းကို အသုံးမပြုဖို့ PDF အသိပေး

စစ်ကိုင်း-မင်းကွန်းလမ်းကို အသုံးမပြုဖို့ PDF အသိပေး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသက လမ်းပိုင်းတခုကို ဧပြီ ၄ ရက် မနေ့ညကစတင်ပြီး သွားလာခွင့် ပိတ်လိုက်တယ်လို့  Mingun People Defence Force က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မင်းကွန်းကားလမ်းပိုင်းကို ည ၈ နာရီကနေ မနက် ၅ နာရီအတွင်း ပြည်သူတွေအသုံးမပြုကြဖို့ ထုတ်ပြန်လာတာပါ။ 

“ကျန်းမာရေးအရ သွားမယ်ဆိုရင် Mingun People Defence Force ရဲ့ Page Messenger ကနေ ဆက်သွယ်လို့ ရပါတယ်။ **တွေကလည်း ကျန်းမာရေးကားနဲ့လည်းသွားတာဖြစ်လို့ ပြည်သူတို့ အနေနဲ့  အသိပေးသွားမှအဆင်ပြေမှာပါ” လို့  Mingun People defence Force  တာဝန်ခံက ပြောပါတယ်။

နိုင်ငံတဝှမ်းမှာ စစ်ရေးအရှိန်အဟုန်မြင့်တက်နေတဲ့ ကာလဖြစ်တဲ့အပြင် စစ်ကောင်စီဘက်ကလည်း ညပိုင်းတွေမှာ စစ်ကိုင်း-မင်းကွန်း လမ်းကိုအသုံးပြုကာ ရဲစခန်းတွေကို အင်အားဖြည့်တင်းတာ၊ ကျေးရွာတွေက လူငယ်တွေကိုစစ်မှုထမ်းဖို့ အတင်းအကျပ်ဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် ခုလို လမ်းပိုင်းတွေ ပိတ်ရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

နောက်ထပ်ထုတ်ပြန်ချက်မထုတ်မချင်း အခုထုတ်ပြန်ချက်ဟာ အတည်ဖြစ်ပြီး ပြည်သူတွေ လိုက်နာကြဖို့နဲ့ မလိုက်နာဘဲ သွားလာလို့ထိခိုက်မှုရှိပါက တာဝန်ယူမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ 

မင်းကွန်းဒေသ၊ စစ်ကိုင်း - မင်းကွန်းလမ်းပိုင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ  စိုးမိုးနိုင်မှု မရှိသေးဘဲ စစ်ကောင်စီတပ်သားတွေ စိုးမိုးထားနိုင်သေးတဲ့နယ်မြေတခု ဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ပုံစာ - မင်းကွန်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မင်းကွန်း #လမ်းပိတ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10