စစ်ကိုင်းမှာ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးသေဆုံး၊ PDF အဖွဲ့မှ ကားနဲ့ လက်နက်တချို့ဆုံးရှုံး

စစ်ကိုင်းမှာ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးသေဆုံး၊ PDF အဖွဲ့မှ ကားနဲ့ လက်နက်တချို့ဆုံးရှုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာမှာ ကြေးနီတောင်မှလာတဲ့ ယာဥ်တန်းတွေကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီဂိတ်စခန်းကို ဇွန် ၁ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Taw Twin Tup Pee Local တပ်ဖွဲ့ဆီက သိရပါတယ်။

လုံခြုံရေးဂိတ်မှာ စစ်သားအင်အား ၁၅ ဦးခန့်ရှိပြီး ဇွန် ၁ ရက် ၉ နာရီခွဲခန့်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဟိုက်ဂျက်ကားနဲ့ သွားရောက်တိုက်ခိုက်စဥ် မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ကားနဲ့ လက်နက်ခဲယမ်းတချို့ ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

"တိုက်ပွဲဖြစ်တာက ပေ ၅၀ လောက်အကွာပဲရှိမယ်။ စစ်သား ၆ ယောက်သေတယ်။ ပစ်ပြီးလို့ ကားပေါ်တက်ပြီးမှ ကလပ်က နင်းမရတော့ဘူး။ ကျန်တဲ့ စစ်သားတွေ ထပ်ရောက်လာတော့ ပစ္စည်းတွေထားပြီး ပြန်ဆုတ်ခဲ့ရတယ်" လို့ Taw Twin Tup Pee Local တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်သား ၆ ယောက်ဟာ လမ်းပေါ်မှာ ပွဲချင်းပြီးသေဆုံးခဲ့သလို ဒဏ်ရာရသူ ၂ ဦးရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ဟိုက်ဂျက်အဖြူရောင်ကား ၁ စီး၊ M 22 သေနတ် ၁ လက်၊ M 16 A4 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ MG အမျိုးအစား လက်ပစ်ဗုံး ၁ လုံး၊ 7.62 ကျည် ၄၀ တောင့်၊ 5.56 ကျည် ၁၅၀ တောင့်တို့ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အခုလို စစ်ကောင်စီလုံခြုံရေးဂိတ်စခန်းကို Taw Twin Tup Pee Local Pdf တပ်ဖွဲ့နဲ့ မဟာမိတ်ဖြစ်တဲ့ Generation Z Power-GZP - Mandalay တို့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီထောက်ခံတယ်လီဂရမ်တွင် ဖော်ပြထားသည့် ကာကွယ်ရေးတပ်ဖွဲ့များဆုံးရှုံးခဲ့သော ကားနှင့် သေနတ်တို့အား တွေ့ရစဉ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကျောက်ဆည်ကျေးရွာ #ကြေးနီတောင် #စစ်ကောင်စီဂိတ်စခန်း #TawTwinTupPeeLocal

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10