စစ်ကိုင်းမှာ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် အရပ်သား ဖိနှိပ်ခံရမှု အမျိုးသမီးတွေ ပိုများလာ (ရုပ်/သံ)

စစ်ကောင်စီက စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲမှာ မြို့ရွာတချို့ကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း အဲဒီမြို့တွေကို စစ်ရေးတိုးချဲ့လာတာ၊ စစ်ကြောင်းထိုးတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပိုပြီးလုပ်ဆောင်လာသလို အရပ်သားပြည်သူတွေကို မတရားဖမ်းဆီး သတ်ဖြတ်တာတွေအပြင် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာတွေပါ လုပ်ဆောင်နေတယ်လို့ အမျိုးသမီးမဟာမိတ်အင်အားစု အဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီက စစ်ကိုင်းတိုင်းထဲကို ၂၀၂၃ နှစ်စပိုင်းကစပြီး စစ်ကြောင်းတွေ ပိုထိုးတာလာကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေတာလည်း ဖြစ်ပါတယ်။ တိုက်ပွဲတွေ ပိုပြီးဖြစ်လာမှာကိုလည်း ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြတာပါ။ အရင်က အဲဒီနယ်တွေမှာ လူထုသပိတ်စစ်ကြောင်းတွေ၊ တော်လှန်ရေးလူပ်ရှားမှုတွေ အားကောင်းခဲ့ပေမယ့် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကောင်စီ တပ်ဆွဲထားတဲ့နယ်မြေတွေမှာ လူထုပါဝင်လာမှု သိသိသာသာ အားလျှော့လာနေတယ်လို့ အမျိုးသမီးမဟာမိတ်အင်အားစုဆီက သိရတာပါ။


စစ်အုပ်ချုပ်ရေးကြေညာခံရတဲ့ နောက်ပိုင်း အညာဒေသထဲက မုံရွာနယ်ဘက်မှာတော့ တိုက်ပွဲတွေ၊ စစ်ကြောင်းထိုးတာတွေ မီးရှို့ခံရတာတွေကြားထဲက ပြည်သူတွေ အားလျှော့သွားတာ မရှိဘဲ အရင်ကထက်တောင် သပိတ်စစ်ကြောင်းတွေမှာ ပါဝင်လာမှုက အားကောင်းလာတယ်လို့လည်း မုံရွာအမြန်လမ်း သပိတ်စစ်ကြောင်းက အမျိုးသမီး သပိတ်ခေါင်းဆောင်က ပြောပါတယ်။ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကိုလည်း ဂုဏ်ပြုတဲ့အနေနဲ့ အမျိုးသမီးသပိတ်စစ်ကြောင်းက ဦးဆောင်ပြီး မုံရွာအမြန်လမ်းမှာ မတ်လ ၇ ရက်နေ့ ညနေက ချီတက်ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေကတော့ သူတို့ တရွာဝင် တရွာထွက် စစ်ကြောင်းထိုး တပ်စွဲနေတဲ့ ရွာတွေက ပြည်သူတွေကို ဒီရွာမှာ လက်နက်ကိုင်အင်အားစုတွေ ရှိလို့၊ သပိတ်စစ်ကြောင်းတွေ ထွက်နေလို့ စစ်ကြောင်းထိုးရတာ၊ မီးရှို့ရတာဆိုပြီး ဆိုက်ဝါးတွေနဲ့ ခြိမ်းခြောက်တာတွေ မတရား ဖမ်းဆီးသတ်ဖြတ်တာတွေ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အဓ္ဓမပြုကျင့်တာတွေက သူတို့ အုပ်ချုပ်ခွင့်ကြေညာပြီးနောက် ပိုပြီးကျူးလွန်လာနေတာ ဖြစ်ပါတယ်။

# မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10