စစ်ကိုင်းမှာ မိုင်းဆွဲခံရလို့ သေတဲ့အလောင်းတွေကို သင်္ဂြိုဟ်ချိန် ထပ်မံဗုံးကြဲ

စစ်ကိုင်းမှာ မိုင်းဆွဲခံရလို့ သေတဲ့အလောင်းတွေကို သင်္ဂြိုဟ်ချိန် ထပ်မံဗုံးကြဲ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်က မိုင်းဆွဲတိုက်ခိုက်ခံရပြီးသေဆုံးသွားတဲ့အလောင်းတွေကို သင်္ဂြိုဟ်ချိန် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းမြို့နယ်၊ မာလဲတောရွာ ပျူစောထီးစခန်းကနေ နိုဝင်ဘာ ၇ ရက် မနက်က စစ်သားနဲ့ ပျူစောထီးတွေက ကားလမ်းမိုင်းရှင်းဖို့ ထွက်လာချိန် မိုင်းဆွဲခဲ့ရာ စစ်သား ၂ ဦးသေပြီး ၃ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။  

အဲ့ဒီတိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရသူတွေကို စစ်အုပ်စုက ကားနဲ့လာသယ်သွားပြီး သေဆုံးသူ ၂ ဦးကို မာလဲတောရွာမှာ ညနေ ၃ နာရီခန့် သင်္ဂြိုဟ်ဖို့ စီစဉ်နေချိန်မှာ ကျေးရွာထဲကို ဗုံး ၂ လုံးနဲ့ သင်္ချိုင်းကို ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

“နယ်မြေရှင်းလင်းရေးသွားတဲ့အခါ မိုင်းဆွဲခဲ့တဲ့နေရာမှာ သွေးတွေအများကြီး ပြန့်ကျဲနေတာရယ်၊ စုတ်ပြတ်နေတဲ့ ဖိနပ်တွေနဲ့ ပုဆိုးတွေကို တွေ့ရတယ်။ ညနေပိုင်းမှာလည်း ထိထိရောက်ရောက် ချနိုင်ခဲ့ပါတယ်” လို့ ယူနီကွန်း ပြောက်ကြားတပ်ဖွဲ့က တာဝန်ခံကိုဆန်းဒေးက ပြောပါတယ်။ 

ယူနီကွန်းပြောက်ကြားတပ်ဖွဲ့က ထုတ်ပြန်တဲ့ ရုပ်သံဖိုင်မှာလည်း လမ်းမတနေရာမှာ သွေးစွန်းကွက်တွေအပြင် သင်္ဂြုဟ်ဖို့ပြင်ဆင်ချိန်မှာလည်း ဗုံးကြဲတိုက်ခိုက်တာကိုလည်း တွေ့ရပါတယ်။ 

ညနေပိုင်းဗုံးကြဲတိုက်ခိုက်လို့ စစ်အုပ်စုဘက်က သေဆုံးထိခိုက်မှုကိုတော့ စုံစမ်းနေဆဲလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ခိုက်မှုကို ယူနီကွန်းပြောက်ကြားတပ်ဖွဲ့၊ Royal Falcon Guerrilla Force၊ Fight For Federal စစ်ကိုင်း မြို့နယ်(ပ.က.ဖ)၊ Phoenix (SGG)၊ MMU (PDF)၊ အညာသားလေး (SGG)၊ စစ်ကိုင်းခရိုင်တပ်ရင်း ၇ နဲ့ နယ်မြေခံ (ပ.က.ဖ)တွေ  ပူးတွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်ကလည်း ယူနီကွန်းပြောက်ကြားတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေဟာ စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာက အမှတ် ၆၀၀၆ တင့်ကားတပ်နဲ့ ကံတလူရွာ တိုးဂိတ်ကိုလည်း တပြိုင်တည်း ဗုံးသီးချ တိုက်ခိုက်ခဲ့ကြပါသေးတယ်။ 

ပုံစာ - မိုင်းဆွဲခံတဲ့ နေရာအနီးက သွေးကွက်များ။

စာတည်း - လင်းဇေ 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #စစ်ကိုင်းမြို့နယ် #မိုင်းဆွဲတိုက်ခိုက် #သဂြိုဟ် #ယူနီကွန်းပြောက်ကြား #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10