စစ်ကိုင်းမှာ မီးရှို့ပြန်လာတဲ့စစ်တပ် တိုက်ခိုက်ခံရလို့ သေဆုံးမှုတွေရှိ

စစ်ကိုင်းမှာ မီးရှို့ပြန်လာတဲ့စစ်တပ် တိုက်ခိုက်ခံရလို့ သေဆုံးမှုတွေရှိ

စစ်ကိုင်းမြို့နယ်မှာ ဖေဖော်ဝါရီလ ၂ ရက်နေ့က ကျေးရွာတွေကို မီးရှို့ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်လို့ စစ်အုပ်စုဘက်က  ၃ ဦး သေဆုံးခဲ့တယ်လို့ မန္တလေးယက္ခညီနောင်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ညောင်ပင်ဝန်း ရဲစခန်းရဲ့  ၅ မိုင်ဝန်းကျင်က ရွာတွေကိုစစ်ကြောင်းထိုးမီးရှို့ပြီး စစ်သားနဲ့ရဲအင်အား ၄၀ လောက်နဲ့ပြန်လာတာကို  ၈၀ မမ လက်နက်ကြီးတွေနဲ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ညောင်ပင်ဝန်းရွာက ရဲစခန်းပါ။ ခေတ်ကောင်းတုန်းကတော့ ရဲစခန်းပါ။ ခေတ်မကောင်းတော့ ရဲရော စစ်ခွေးရော ပေါင်းနေနေတာပါ။ မနေ့ကနေ့လည် ၁၁ နာရီဝန်းကျင်လောက်က မီးရှို့ပြန်လာတာကို တကြိမ်တိုက်ခိုက်ပြီး စစ်အုပ်စုက ညောင်ပင်ဝန်းရဲစခန်းကို ညနေ ၄ နာရီလောက် ပြန်ရောက်ချိန်မှာ လက်နက်ကြီးနဲ့ ထပ်ပြီး တိုက်ခိုက်တာပါ" လို့ ယက္ခညီနောင်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

နှစ်ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်အုပ်စုဘက်က ၃ ဦး ကျဆုံးကြောင်းကို မြေပြင်ရင်းမြစ်တွေဆီက သိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ခိုက်မှုကို မန္တလေးယက္ခညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ People Revolution Force Kyaukse(P.R.F.K)၊ အမရစစ်သည်တော် ၊ MAHAR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Dragon Brother Defense Forceနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းခဲ့တာလို့ သိရပါတယ်။

မန္တလေးယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ၉ မမ ပစ္စတိုတွေ ကိုယ်တိုင်ထုတ်လုပ်နေသလို ကျောက်ဆည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပေါင်းပြီးတော့လည်း တန်ဖိုးသင့်စနိုက်ပါ ထုတ်လုပ်နေ​တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10