စစ်ကိုင်း၊ မင်းကွန်းရဲစခန်းကို တော်လှန်ရေးအဖွဲ့တွေက ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေရဲစခန်းကို မေ ၁၉ ရက် ညနေ ၄ အချိန်ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များနဲ့တိုက်ခိုက်ခဲ့တယ်လို့ People Servant Force လက်ရုံးပြောက်ကျားတပ်ဖွဲ့ ဆီက သိရပါတယ်။

အဲဒီမင်းကွန်းရဲစခန်းမှာ တပ်မ ၃၃ က စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၃၀ ကျော်အထိုင်ချတပ်စွဲထားပြီး ပြည်သူတွေကို စစ်ဆေးမေးမြန်းတာ၊ ခရီးသည်တင်ကားတွေကို စခန်းထဲမောင်းခိုင်းပြီး ငွေကြေးနဲ့ပြန်ရွေးခိုင်းတာတွေ လုပ်ကိုင်နေတဲ့အတွက် တိုက်ခိုက်ခဲ့တာလို့  People Servant Force တာဝန်ခံ နက်ရှိုင်းက ပြောပါတယ်။

တိုက်ခိုက်မှုကြာမြင့်ချိန်ဟာ မိနစ်အနည်းငယ်လောက်ပဲရှိပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။

တိုက်ခိုက်မှုကိုတော့  People Servant Force- လက်ရုံးပြောက်ကျားတပ်ဖွဲ့ နဲ့ နယ်မြေခံပကဖ၊ တော်လှန်ရေးအင်းအားစုတွေ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၁၇ ရက်ကလည်း မင်းကွန်းရဲစခန်းကို ဒေသခံတော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #စစ်ကောင်စီ #ရဲစခန်း #တိုက်ခိုက်ခံရ #တော်လှန်ရေးပူးပေါင်းအဖွဲ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10