စစ်ကောင်စီက ပေါက်မှာ ၄ ရက်ဆက်တိုက်မီးရှို့လို့ အိမ်ခြေ ၇၀ ကျော် မီးလောင်ဆုံးရှုံး

စစ်ကောင်စီက ပေါက်မှာ ၄ ရက်ဆက်တိုက်မီးရှို့လို့ အိမ်ခြေ ၇၀ ကျော် မီးလောင်ဆုံးရှုံး

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်မှာရှိတဲ့ အုန်းတောတောင်စုနဲ့ အုန်းတောမြောက်စု ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၄ ရက်ဆက်တိုက် ဝင်ရောက် မီးရှို့ခဲ့တယ်လို့ ပေါက်မြောက်ပိုင်းကာကွယ်ရေးတပ်ဖွဲ့ဝင်ထံက သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကစတင်က နေ့စဉ်လာရောက် မီးရှို့ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး အင်အား စုစုပေါင်း ၂၀၀ ကျော်နဲ့ လာရောက်နေတာလို့ ဆိုပါတယ်။

"မနက်ပိုင်း ဝင်လာတယ်။ နေ့လယ်ဆို ပြန်သွားတယ်။ ၄ ရက် ဆက်တိုက်လာပြီး မီးရှို့ခဲ့တာပါ။ အိမ်ခြေ ၇၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်။ ရွာသားတွေကိုအရင် ကယ်ထုတ်ထားတော့ လူတွေတော့ အထိအခိုက်မရှိပါဘူး။ ရွာသွားနှစ်ဦးကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားတယ်" လို့ ဗိုလ်လရောင်က မြေလတ်အသံကို ပြောပါတယ်။ 

ဖမ်းဆီးခံရသူတွေကတေ့ာ တောင်စုရွာသား ကိုမြင့်သိန်းနဲ့ မြောက်စုရွာသား ကိုရန်နောင် တို့နှစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ အဲဒီကျေးရွာနှစ်ရွာမှာ စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ကျော် ရှိနေပြီး၊ စားနပ်ရိက္ခာအတွက် လုံလောက်မှုမရှိတဲ့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10