စစ်ကောင်စီကို တရုတ်အစိုးရ ကာကွယ်မပေးဖို့ မုံရွာမှာသရုပ်ပြ

စစ်ကောင်စီကို တရုတ်အစိုးရ ကာကွယ်မပေးဖို့ မုံရွာမှာသရုပ်ပြ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တနေရာမှာ ဇန်နဝါရီ ၈ ရက်မနေ့က မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနဲ့ မကွေးလူထုတိုက်ပွဲကော်မတီအဖွဲ့ဝင် ပူးပေါင်းအင်အား ၃၀ လောက်က သရုပ်ပြပွဲတခု ပြုလုပ်ခဲ့တယ်လို့ ဦးဆောင်ပါဝင်သူတွေဆီက သိရပါတယ်။ 

"စစ်အုပ်စုလုပ်ရပ်ကြောင့် မြန်မာပြည်သူတွေ ထိခိုက်ခံစားနေရတယ်။ ပျက်စီးဆုံးရှုံးနေရပါတယ်။ ဒါကြောင့် ပြည်သူတွေက စစ်ကောင်စီကို တော်လှန်နေတာဖြစ်တယ်။ တရုတ်နိုင်ငံအနေနဲ့ စကစကို ဆက်လက်အကာအကွယ်မပေးဖို့ ရည်ရွယ်ပြီး သရုပ်ဖော်ခဲ့တာပါ" လို့ မုံရွာလူထုသပိတ်အဖွဲ့ဝင် ကိုရဲရင့်က ပြောပါတယ်။

သရုပ်ဖော်ရာမှာ "သို့ တရုတ်အစိုးရ ဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်၊ ဆွေးနွေးပွဲအကြောင်းပြအပါအဝင် ဖက်ဆစ်အကြမ်းဖက်စစ်အုပ်စု အသက်ဆက်ရေး လုပ်ရပ်မှန်သမျှ အလိုမရှိ-အလိုမရှိ၊ တရုတ်-မြန်မာ အနာဂတ်အတွက် အဖိနှိပ်ခံ ပြည်သူများနဲ့ အတူရပ်ပါ” စတဲ့ စာသားပါ ပိုစတာတွေကို ချိတ်ဆွဲသရုပ်ပြခဲ့တယ်လို့ သိရပါတယ်။

#စစ်ကိုင်း #မုံရွာ #သရုပ်ပြ #သတင်း #မြေလတ်သတင်း #စစ်ကောင်စီ #တရုတ်အစိုးရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10