စစ်ကောင်စီက ဆည်ထဲနေသူတွေကို ခြိမ်းခြောက်နှင်ထုတ်ပြီး ပစ္စည်းတွေသိမ်းယူနေ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ ကံတင်ဘီးလင်းဆည်အတွင်း နေထိုင်တဲ့ ပြည်သူတွေကို စစ်ကောင်စီက နှင်ထုတ်ပြီး ပြည်သူပိုင် စက်လှေအချို့ကို သိမ်းယူနေလို့ ပြောင်းရွှေ့နေကြတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၉ ရက်ကစကာ  မင်းလှအခြေစိုက် ခလရ ၁ ကစစ်သားတွေက ဆည်အတွင်းလာရောက်ပြီး ပြည်သူပိုင် စက်လှေတွေကိုသိမ်းကာ ပြည်သူတွေကို ခြိမ်းခြောက်နှင်ထုတ်နေတာလို့ ဆိုပါတယ်။ 

ပြောင်းရွှေ့နေတဲ့ ပြည်သူ့ပစ္စည်းတွေကို ကူသယ်ပေးတဲ့ ကားတွေကိုချောဆွဲကာ သိမ်းယူထားတဲ့ပစ္စည်းတွေကို ပို့ဆောင်ခိုင်းတာတွေရှိပြီး သိမ်းယူခံရတဲ့ပစ္စည်းတွေကို ပိုင်ရှင်တွေက အသနားခံပြန်တောင်းရာမှာလည်း သေနတ်မိုးပေါ်ထောင်ဖောက်ကာ ခြိမ်းခြောက်တာတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။ 

စစ်ကောင်စီတပ်သားတွေဟာ ဒေသခံတွေအသုံးပြုနေတဲ့ စက်လှေအင်ဂျင်တွေကိုပါ ဖြုတ်ယူကြတာဖြစ်တယ်လို့ ဆိုပါတယ်။ 

တင်ဘီးလင်းဆည်အတွင်းမှာ အိမ်ခြေ ၃၀၀ ကျော်နဲ့ လူဦးရေ ၁၀၀၀ ကျော်ရှိကာ ဆည်အတွင်း ငါးဖမ်း၊ ဝါးခုတ်၊ မီးသွေးဖုတ်၊ စျေးရောင်း၊ ခရီးသည်တွေကို စက်လှေနဲ့ပို့‌ဆောင်တာစတဲ့လုပ်ငန်းတွေနဲ့ အသက်မွေးနေတာဖြစ်ပြီး လက်ရှိမှာ  အခက်အခဲဖြစ်နေတယ်လို့ နောက်ထပ်ဒေသခံတဦးကလည်း ဆိုပါတယ်။ 

ပြီးခဲ့တဲ့စက်တင်ဘာ ၂၀ ရက်ကလည်း မင်းလှမြို့နယ်၊ ပဲခူးရိုးမအစပ်မှာနေထိုင်ကြတဲ့ ဟိုင်းရူးရွာ၊ ကျွဲမကိုင်းရွာ၊ ဗိုလ်ရုံ၊ ပျဉ်းကတိုးခင်း၊ ဝါးယားကျေးရွာစတဲ့ကျေးရွာတွေကို စစ်ကောင်စီတပ်က နှင်ထုတ်လို့ ဒေသခံထောင်ချီကာ ပြောင်းရွှေ့ခဲ့ရပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #ပဲခူးတိုင်းအနောက်ခြမ်း #မင်းလှ #ဆည် #ဒေသခံ #စစ်ကောင်စီ #ပစ္စည်းသိမ်းယူ #ရွှေ့ပြောင်းနေထိုင် #ခြိမ်းခြောက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10