စစ်ကောင်စီက ၆၀ မမနဲ့ပစ်လို့ အမျိုးသမီး ၂ ဦးထိမှန်ပြီး အိမ်မွေးတိရိစ္ဆာန်တွေ သေဆုံး

စစ်ကောင်စီက ၆၀ မမနဲ့ပစ်လို့ အမျိုးသမီး ၂ ဦးထိမှန်ပြီး အိမ်မွေးတိရိစ္ဆာန်တွေ သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ထုံးဘိုကုန်းကျေးရွာမှာ ၆၀ မမ ကျည်ထိမှန်လို့ ၁၄ နှစ်ရွယ် အမျိုးသမီး ၁ ဦးနဲ့ ၆၀ နှစ်အရွယ် အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။  

ယမန်နေ့ ဩဂုတ် ၁၃ ရက် ည ၈ နာရီကျော်လောက်က ရွှေဘိုမြို့နယ်အရှေ့ခြမ်း မခေါက်ရွာ အနောက်တောင်ဘက်မှာရှိတဲ့ တောင်လှတောင်ပေါ်ကနေ ၆၀ မမ ကျည် ၃ လုံးနဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

ပစ်ခတ်ရာတောင်ပေါ်နဲ့ ကျရောက်ပေါက်ကွဲခဲ့ရာ ရွာတို့မှာ ၁ မိုင်ကျော်ခန့်ကွာဝေးပြီး ပစ်ခတ်ခံရမှုမှာ နေအိမ် ၄ လုံးထိမှန်ခဲ့သလို ဝက် ၂ ကောင် နဲ့ နွား ၁ ကောင်လည်း သေဆုံးသွားတယ်လို့လည်းသိရပါတယ်။ 

“လက်နက်ကြီး ၃ ချက်နဲ့ပစ်တာမှာ ဒုတိယအချက်မှာ ထိသွားတာ ။အရင်ကဆို ကျနော်တို့ဘက်ကို နေ့တိုင်းညတိုင်းပစ်နေတာ ။ မပစ်ဘဲနားလိုက်တာ ၂ လကျော်ပြီး အခုမှတခါပြန်ပစ်တာ။ မနေ့က ကျနော်တို့ကြားတယ်။ အဲ့ဒီတောင်ပေါ်မှာ သူတို့လူအင်အား ထပ်ဖြည့်မယ်လို့ကြားတယ်။ အဲ့အတွက် ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်တာနေမှာ” လို့ ထုံးဘိုကုန်း ဒေသခံတဦးက ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်နေတဲ့အတွက် ထုံးဘိုကုန်းကျေးရွာက ဒေသခံတွေဟာကျေးရွာထဲမှာ မနေတော့ဘဲ နီးစပ်ရာတောတွေထဲမှာ တဲထိုးပြီးနေနေတာဟာ ၄ လကျော် ၅ လနီးပါးရှိပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

“သူတို့တွေလက်နက်ကြီးတွေနဲ့ ပစ်တော့ရွာသားတွေ ရွာထဲမှာ မနေတော့ဘူး။ တောတွေထဲမှာနေတယ်။ အဲ့ဒါတောင် အရင်လတွေတုန်းက ရွာသားတွေနေတဲ့ တောတွေဘက်ကို လက်နက်ကြီးနဲ့ပစ်လို့ လူတယောက် လက်ထိသွားသေးတယ်။ နွားတွေဆိုရင်ရေတွက်လို့တောင် မနိုင်တော့ဘူး” လို့ သူကဆက် ပြောပါတယ်။

လက်နက်ကြီးကြောင့် ဒဏ်ရာရသွားတဲ့အမျိုးသမီး ၂  ဦးကို ညတွင်းချင်းဒေသခံတွေက နီးစပ်ရာ ကျေးရွာတွေဘက်မှာ ဆေးဝါးကုသမှုပြုလုပ်ပေးလိုက်ပြီး ဒီနေ့မနက်မှာတော့ ကျေးရွာဘက် ကိုပြန်လည်ရောက်ရှိနေပြီ ဖြစ်ပါတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်တိုင်း #ဝက်လက် #ရွှေဘို #စစ်ကောင်စီ #၆၀မမ #ထိခိုက်ဒဏ်ရာရ #စစ်ရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10