စစ်ကောင်စီတပ်စွဲထားတဲ့ရွာ အလစ်ဝင်တိုက်ခံရလို့ ၃ ဦးသေဆုံးနိုင်

စစ်ကောင်စီတပ်စွဲထားတဲ့ရွာ အလစ်ဝင်တိုက်ခံရလို့ ၃ ဦးသေဆုံးနိုင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ကျေးရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ တပ်သားတချို့ ထိခိုက်သေဆုံးသွားတယ်လို့ Burma Revolution Rangers(BBR) အဖွဲ့ဆီက သိရပါတယ်။

ဇွန်လ ၁၉ ရက် ဒီနေ့ နေ့လယ် ၁ နာရီခွဲလောက်မှာ အရှေ့ချောက်ကန်ကျေးရွာမှာ အင်အား ၃၀ ဝန်းကျင်နဲ့ ၁ လနီးပါး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို Burma Revolution Rangers အပါအဝင် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်သား ၃ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိနိုင်တယ်လို့ BBR အဖွဲ့ တာဝန်ခံက ပြောပါတယ်။

"အပြန်အလှန်ပစ်ခတ်မှုက ၅ မိနစ်လောက်ပဲကြာတယ်။ ပစ်ခတ်မှုဖြစ်တော့ သူတို့ဘက်က ၅ ယောက်  ထိတယ်လို့ အတွင်းသတင်းကသိရတယ်။ သေဆုံးတာက ကျနော်တို့နဲ့ ပစ်ခတ်မှုဖြစ်တော့ ကျနော်တို့ ရှေ့မှာတင် ၂ ယောက်လဲသွားတယ်။ ကျနော်တို့ စခန်းပြန်ရောက်တဲ့ အချိန်မှာ နောက်ထပ် သတင်းတခုဝင်လာတယ်။ စုစုပေါင်းသေတာ ၃ ယောက်ဆိုတာ သိရတယ်။" လို့ BRR တာဝန်ခံ ဗိုလ်ကာတွန်းက ပြောပါတယ်။

အရှေ့ချောက်ကန်ကျေးရွာမှာ နေထိုင်သူအများစုဟာ စစ်တပ်ထောက်ခံသူတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့်လည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုကို Burma Revolution Rangers၊ Pakokku (PPDF)၊ ဇာမဏီဒုန်းတပ်ဖွဲ့ ၊ မြိုင်ပကဖတပ်ရင်း (၁) တပ်ဖွဲ့ (၃)၊  Black Dragon နဲ့ Chauk Guerrilla Force တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြဖြစ်ပါတယ်။


စာတည်း − ဇို

 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #အရှေ့ချောက်ကန်ရွာ #စစ်ကောင်စီ #တပ်စွဲ #အလစ်ဝင်တိုက် #သေဆုံး #BBR

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10